Tuesday, December 30, 2008

စိတ်ကူးယဉ်တယ်

မောင်ငယ် တစ်ယောက်က စိတ်ကူးယဉ်တယ် ဆိုတာလေးကို ရေးပေးဖို့ tag ထားတယ်။ ပါချူး ရေးပေးရမှာပေါ့။ စိတ်ကူးယဉ်တယ်ဆိုတာ တကယ် မဟုတ်ဘူးလေ ကိုယ့်စိတ်ထဲ မှာပဲ ကိုယ်ဖြစ်ချင်တဲ့ဟာကို ပုံဖေါ်ပြီး ရှိနေတာ။ ပိုက်ဆံ မကုန်ဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အကြာကြီး စိတ်ကူးတွေ ယဉ်နေမယ် ဆိုရင်တော့ မကောင်းတဲ့ ဘက်မှာ များသွားမယ်။ ကလေးတွေအတွက် စိတ်ကူးယဉ်မှုဟာ အန္တရယ် အများဆုံး ဆိုတာကို ပါချူး စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူးယဉ်မှု တွေကနေပဲ ဘ၀အတွက် အားတစ်ခု ဖြစ်သွားစေတဲ့ အဖြစ် တွေလည်း ရှိခဲ့ကြတယ် ဆိုတာကို သူငယ်ချင်းတို့ တစ်တွေလည်း သိကြမှာပါ။ ပါချူးတို့ ငယ်ငယ်က ဖေဖေ အလုပ် တစ်ခု ခိုင်းပြီဆိုရင် အရင်ဆုံး ကိုယ့် စိတ်ကူးထဲမှာ ရှိနေတဲ့ ပုံစံတွေကို ဖေဖေ့ကို ပြောပြ ကြရတယ်။ ဥပမာ- ပါချူးတို့ အိမ်မှာ ဖုန်းကြီးဆွမ်းကပ်နဲ့ လူတွေကို ဖိတ်ကြွေးမယ် ဆိုပါတော့။ အဲဒီပွဲအတွက် ဖြစ်နိုင်ခြေ အားလုံးကို တစ်ခုချင်း တစ်ပိုင်းစီကို အစီအစဉ်တကျ ပြောပြရတယ်။ တနည်းအားဖြင့် လက်တွေ့ မလုပ်ခင်မှာ ပွဲအတွက် အစီအစဉ်တကျ စိတ်ကူးယဉ်တာလို့ ပါချူးမြင်တယ်။ ဒါဟာ ကောင်းတဲ့ စိတ်ကူးယဉ်မှုလို့ ပါချူးမြင်တယ်။ ဒီလို စိတ်ကူးယဉ်မှုက ရှိနေကြရမယ်လေ။

ပါချူး ပင်ပန်းတယ်လို့ ခံစားမိတဲ့ အလုပ်တွေကတော့ အ၀တ်လျှော်၊ မီးပူတိုက်၊ ထမင်းချက်၊ မီးအပူနဲ့ လုပ်ရမယ် ဆိုတာတွေကို ပါချူး အပင်ပန်းဆုံးလို့ ထင်တယ်။ ပါချူး ကိုယ်တိုင်က မီးအပူကို ကြောက်တာလည်း ပါတယ်။ အိမ်သန့်ရှင်းရေး ကိုတော့ ပါချူး ၀ါသနာလည်း ပါတယ် လုပ်လည်း လုပ်တယ်။ မီးပူတိုက်ရမယ်။ ထမင်းချက်ရမယ် ဆိုတဲ့ အချိန်ဟာ ပါချူး အတွက် အကြောက်ဆုံး အချိန်တွေပဲ။ မလုပ်ချင်ဆုံး အလုပ်တွေပဲ။ ပါချူး စိတ်ကူး ယဉ်မိမယ် ဆိုရင်တော့………………

ထမင်းကို ပျော့ပျော့လေး ချက်ပေးတတ်ပြီး ပါချူးကြိုက်တဲ့ မုံညင်းရွက်ကျော်၊ ခရမ်းချဉ်သီး အနှစ်ကလေးနဲ့ ချက်ထားတဲ့ အသားဟင်း၊ ငပိထောင်းလေးနဲ့ မေမေ့ လက်ရာကို မီတဲ့ ချဉ်ရေဟင်းလေး တစ်ခွက်လောက် ချက်တတ်တဲ့ robot တစ်ရုပ် လောက်ရှိရင် ကောင်းမယ်။ မီးပူကိုလည်း ကော့နေအောင် တိုက်တတ် စရာ မလိုပါဘူး ခေါက်ရိုးဟောင်း ပျောက်ပြီး အဆင်ပြေရုံ ပြန်ခေါက်တတ်တဲ့ robot ဆိုရင် ရပြီ။ ညပိုင်းမှာ ပါချူး အိပ်ပျော်နေချိန် ပြူတင်းပေါက်တွေ လိုက်ပိတ်တတ်တဲ့ robot တစ်ကောင်လောက် ရှိမယ်ဆိုရင်တော့ ပိုပြီး အဆင် ပြေတာပေါ့ကွယ်။

ဒါပေမဲ့ မဖြစ်နိုင်တာကို စိတ်ထဲမှာ ရှိနေတာကလည်း တစ်ခါတစ်လေမှာ စိတ်အပန်းဖြေတဲ့ ပုံစံ ဆိုရင် ကောင်းပါတယ်။ အမြဲတမ်း စိတ်ကူး ယဉ်နေလို့ကတော့ ယဉ်ယဉ်ကလေးနဲ့ ဆိုပီး တစ်နေရာကို အပို့ခံ နေကြရဦးမယ်နော်။ သိတယ်မို့လား။

Sunday, December 28, 2008

ဆောင်းတစ်ည

အေးချမ်းတဲ့ ဆောင်းတစ်ည
ကွေးနေဖို့တော့ မစဉ်းစားနဲ့
နှစ်သစ်ကို ကြိုဆိုဖို့
မီးပုံပွဲ နွှဲလိုက်ရအောင်။

နှစ်သစ်ရဲ့ အလင်းရောင်ကို
ပျော်ရွင်စွာ ဒို့အတူတူ
လက်တွဲတွေ မဖြုတ်စတမ်း
လှမ်းလို့သာ ကြိုကြစို့။

တောင်းဆုတွေ ရင်မှာချွေ
သတ္တ၀ါအပေါင်း ငြိမ်းချမ်းဖို့
ဝေဖြာတဲ့ မေတ္တာမိုး
နှစ်သစ်မှာ သွန်းဖြိုးရအောင်။

Thursday, December 25, 2008

နှစ်သစ်ကို သွားကြစို့





















ပျော်ရွှင်စရာတွေ သယ်လာခဲ့ကွယ်

ဝမ်းသာစရာလည်း ဆွဲခဲ့ပါဦး

ပီတိတွေ တစ်ပွေ့တစ်ပိုက်နဲ့

ကြည်နူးမှု ထိပ်မှာတင်ပြီး

အောင်မြင်မှု ခရီးလမ်းကို

အားအပြည့်နဲ့ လျှောက်လှမ်းရအောင်။

Tuesday, December 23, 2008

အလွမ်း

အခုတစ်လော ဆူးပန်းရွက်ကလေးကို မြင်လိုက်တာနဲ့ မေမေ့ကို အရမ်းသတိရ နေမိတယ်။ ဆူးပန်းရွက် ဆိုတာ ဆလတ်ပင် အရွယ်ပဲရှိပြီး အရွက် ရှည်ရှည်လေးတွေနဲ့ နူးညံ့တယ်။ ပါချူးတို့ ငယ်ငယ် ၅-၆နှစ် အရွယ်လောက်က ဘုတလင်မှာ ဆူးပန်းရွက် မရှိဘူး။ မုံရွာကနေ ဘုရားပန်း လာရောင်းတဲ့ ဈေးသည်တွေကို မှာပြီး ချက်ကြွေးခဲ့တာကို အခုချိန်ထိ သတိရနေတုံးပဲ။ ဆူးပန်းရွက်က ဆောင်းခါမှာပဲ ပေါ်တဲ့ ဟင်းရွက် တစ်မျိုးပါ။ ငါးရံ့ကလေးကို အညာထွက် တောခရမ်းချဉ်သီး၊ မန်ကျည်းသီး အစိမ်းလေးနဲ့ နံနံပင်လေးခတ်ပြီး ဆူးပန်းရွက် ချဉ်ရေ ချက်ပေး ခဲ့တယ်။ ပဲပွပြုတ် ကလေးကို ကြက်သွန်စိမ်းလေး ဆီဆားလေးနဲ့နယ်၊ ငရုပ်သီးထောင်းလေး နဲ့ဆို ခေါင်းမဖေါ်နိုင်အောင် လွှေးပေရောပဲ။ အခုတော့ ဆူးပန်းရွက်က နေရာ တော်တော် များများမှာ စိုက်နေ ကြပြီဆိုတော့ ပေါနေပါပြီ။ မနေ့ကမှ သိလိုက်ရတဲ့ ဆူးပန်းရွက်ကို နောက်ထပ်လုပ်စားလို့ ရတဲ့ နည်းကတော့ ရေနွေးလေး ဖျောပြီး ဆီချက်၊ မြေပဲထောင်းလေးနဲ့ သုတ်စားတာတဲ့။ ပါချူးလည်း တစ်ခါလောက်တော့ လုပ်စား ကြည့်ဖြစ်လိုက်ဦးမယ်။ မေမေလည်း ဒီအချိန်မှာ ဆူးပန်းရွက် ချဉ်ရေဟင်းများ ချက်စားနေပြီလားလို့ သတိရမိတယ်။ အညာအစား အစာထဲမှာ မေမေကြိုက်တာဆိုလို့ ဒီဆူးပန်းးရွက်ပဲ ရှိတာလေ။ နောက်ဆက်တွဲ တသိရလိုက် မိတာက မေမေရော ဖေဖေရော ကျန်းမာရေး ကောင်းရဲ့လားလို့။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိနေနိုင်ကြပါစေ ဖေဖေနဲ့ မေမေ......................

Tuesday, December 2, 2008

အညာဆောင်း

နှင်းငွေ့တွေ ပက်ဖျန်းတဲ့
အေးချမ်းတဲ့ ဆောင်းတစ်ည
အနွေးဓါတ် လုံခြုံဖို့
လေမ၀င် ဟာပေါက်မရှိအောင်
ပက်လက်ကလေး အသာလှန်
ဂွမ်းဆောင်နဲ့ လူကိုလုံးထား။

ပူလာတဲ့ ကျောပြင်ကြောင့်
ကွေးတင်ကာ တစ်စောင်းလေး
လွတ်သွားတဲ့ ခါးပိုင်းက
တိုးလာတဲ့ အအေးဓါတ်ရယ်
အိပ်ချင်စိတ် ပျက်သွား

ဟင်.........
အေးစမ်းဟဲ့ ဒီအညာဆောင်း။

Monday, December 1, 2008

ဆောင်းည

ကတ်မိုးနဲ့ ထရံကာ
ရေနံကြေးနံ့ အသင်းသင်းနဲ့
တစ်နေ့တာ အနားယူဖို့
ကြမ်းခင်းမှာ ကြောခင်းမိတယ်….။

ကတ်ထရံ အပေါက်ကြားက
နှင်းငွေ့တွေ သယ်လာတဲ့
တိုးဝင်တဲ့ လေပြေကြောင့်
ဂွမ်းဆောင်ကို ဆွဲလို့ခြုံ
မျက်စေ့ကိုမှိတ် နားစွင့်မိတယ်….။

ခေါင်းရင်းဘက် ညောင်ပင်က
လေတိုးသံ တရှဲရှဲကြောင့်
အမေ့အိမ် ပြန်ရောက်နေသလား
စိတ်ထဲမှာ ထင်လိုက်ရုံနဲ့
နွေးထွေးမှု သိုင်းခြုံ
ရင်ထဲမှာ လုံခြုံပီး
ကြည်နူးစွာ အိပ်ပျော်ခဲ့တဲ့
အော်………….
ရှည်လှတဲ့ ဆောင်းညများ….။

P.S ပါချူးတို့ ဘုတလင် အိမ်နားမှာ ညောင်ပင်ကြီး ၂ပင်ရှိတယ်။

Friday, November 28, 2008

ယုံကြည်မှု

မင်းငါ့ကိုကြည့်တဲ့ မျက်ဝန်းထဲမှာ
သံသရရိပ် နဲနဲပါနေတယ်
ဒါပေမဲ့
မင်းဖုံးကွယ်ထားနိုင်ခဲ့တယ်။

ကောင်လေးရေ.........
ယုံကြည်မှုတိုင်းဟာ
အမှန်တရား ဖြစ်မလာပေမဲ့
အမှန်တရားတိုင်းကို
စိတ်ချလက်ချ ယုံကြည်လိုက်ပါ။

Wednesday, November 26, 2008

တစ်ပွင့်တည်း

ပန်းပွင့်များဟာ

တစ်ပွင့်ကြွေလည်း

နောက်ထပ်တစ်ပွင့်

ထပ်ပွင့်ကြတယ်…..


ကိုယ့်ရင်ထဲက

တစ်ပွင့်တည်းသော

ပန်းကလေးဟာ

မညှိုးထာဝရ

ပွင့်နေမှာပါ။

ထာဝရ

လောင်းလိုက်စမ်းပါ

သစ္စာမဲ့ အဆိပ်ရည်

ပျက်စီးသွားမယ် ထင်သလား။


ညှပ်ပစ်လိုက်စမ်းပါ

ဥပက္ခာ ကတ်ကြေးနဲ့

ပြတ်ထွက်ဖို့ဝေးသေး။


ကော်ထုတ်ပစ်လိုက်စမ်းပါ

အမုန်း ဘိုဒိုဇာနဲ့

ရွေ့ဘို့တောင် ခတ်ခက်ခက်။


ကောင်လေးရေ----

အချစ်ဆိုတာ ဘယ်တော့မှ

သတ်လို့ မသေတဲ့

အသက် တစ်ချောင်းဆိုတာ

မင်းမသိသေးလို့ပါ။

Tuesday, November 25, 2008

ပြေပါတော့

အေးချမ်းတဲ့ မြောက်လေပြန်
ကတ်ပေါက်ကြားက တသွင်သွင်
လူးလွန့်ကာ တိုးဝင်လာခဲ့
အေးတာကို အန်တုဖို့
ဂွမ်းဆောင်ကို ဆွဲခြုံလိုက်ရ။

အတွေးတွေ တောင်မြောက်ရောက်
ရှေ့ရေးကို မျှော်ကာမောနေ
လက်ရှိကို စိတ်မကြိုက်
နဖူးပေါ်လက်တင်ပြီး
သက်ပြင်းတွေ အခါခါချ။

ဝဋ်ကြွေးရယ် ပြေပါတော့
ဘ၀မှာ ဒီအချိန်ဆပ်နေတာ
အပြီးပဲ ဖြစ်ပါစေတော့။

Monday, September 22, 2008

လုပ်လိုက်ဟေ့

မနက်စောစော အိပ်ရာထဲ
အချိန်တန်လို့ နိုးနေပေမဲ့
လူကတော့ မထနိုင်
ဆက်အိပ်ချင်သေးတယ်ကွာ....

အိပ်ဖို့ရာ ခွင့်မပြုတော့
လူကသာ ကုန်းရုန်းထ
ခေါင်း ကြီးက ကျန်နေခဲ့
မဖြစ်သေးပါဘူး....

အားခဲကာ ထလိုက်ဦးမှ
တစ်နေ့တာ လှုပ်ရှားဖို့
အားမွေးအုံးမှ။

ပျော်ရွှင်စရာ ၀မ်းနဲစရာ
စိတ်တိုစရာ စိတ်ပေါ့ပါးစွာ
အလုပ်တစ်ခု အဆင်ပြေအောင်
အကွက်စေ့အောင် စဉ်းစားရင်း
တစ်စက်မှ မနားတဲ့ဒီစိတ်
ခန္ဓာထက် ပိုလှုပ်ရှားရ။

ထိုးပြီလား လေးနာရီ
နာရီကို တစ်ချက်ကြည့်ဖို့
အချိန်တောင် မရခဲ့ပဲ
ပင်ပန်းစွာ ဖြတ်သန်းခဲ့ရ။

တစ်ပတ်ရဲ့ နောက်ဆုံးရက်
သောကြာနေ့ ရောက်ရင်ဖြင့်
နားရမယ် ထိုအသိနဲ့
အားတင်းကာ ထားသော်လည်း
လျှော်စရာ အ၀တ်တစ်ပုံ
မီးပူတိုက်စရာ အထုတ်တစ်ခု
တစ်ပါတ်စာ ၀ယ်ခြမ်းဦး။

အော်........ လူ့ဘ၀ရယ်
အကောင်းဆုံး ဖြစ်ချင်နေတဲ့
ဒီစိတ်ကလေး ကျေနပ်အောင်
ရုန်းကန်လို့ အားတင်းကာ
လုပ်လိုက်ပေဦး........။

Wednesday, September 17, 2008

နေရာလပ်မရှိ

ရုပ်ချောသလား
ထူးခြားပြီး ထွက်မလာတဲ့
ရွက်ကြမ်းရေချို။

ပညာတော်သလား
လူတိုင်းနဲ့ တန်းတူ
မထင်ရှားခဲ့။

ပိုက်ဆံရှိလား
ကိုယ့်အတွက် မလိုအပ်ခဲ့
စိတ်မ၀င်စားတဲ့ တစ်ချက်။

..................
..................
.................

အချက်ပေါင်း များစွာ
ငါ့ဦးနှောက်မှာ ဗလာကျင်း
ထည့်မတွက်ခဲ့။

ဒါပေမဲ့ ငါ့ရင်မှာ
နင့်ကို ချစ်တဲ့အချစ်တွေ
ပိုင်စိုးစွာ ယူထားတဲ့
နေရာအားလုံး ပြည့်နေပြီ။

Monday, September 15, 2008

အိပ်ပျော်ချင်သူ

သမီးမလေး အိပ်ချင်နေပြီ

မိတ္ထီလာ ကန်တော်အောက်က

ဖားကောက်တဲ့ တေးလေးကို

ဖွဲ့သီကာ ဆိုပြခဲ့ပြီး

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချိန်တန်ပြီ

ခြေတံရှည် ဗျိုင်းကလေးက

မြူးတူးကာ ပျံလို့ပြေးကြောင်း

တေးဆိုကာ သီကုံးလို့။

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချင်သူပါ

ခိုဖြူ ခိုပြာ ခိုနက်တို့ရဲ့

ဟိုဒီပျံလို့ အဖမ်းခက်ကြောင်း

သီကြူးကာ တေးသံလေးနဲ့

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


ညတာရှည် မှောင်မိုက်ထဲ

လူးလှိမ့်ကာ ဘယ်ညာစောင်းလို့

နွေးထွေးတဲ့ မေတ္တာရိပ်မှာ

သမီးမလေး တစ်ရေးအိပ်ဖို့

သိပ်ပေးပါလား ဒို့မေမေရယ်..........။

ဆန္ဒ

အတိတ်မှာ ဖြစ်ခဲ့သမျှအားလုံး
တစ်စက္ကန့်ရဲ့ ဟိုဘက်ထိ
ချန်ထားခဲ့လိုက်ပါ
ရတယ်.......

ကိုယ့်ရင်ထဲက အချစ်ကို
အခုချိန်မှာ မင်းလက်ခံရင်
ကြည်နူးပျော်ရွှင်နေမှာ
ငါပါ.......

လက်မခံနိုင်လို့ ထွက်သွားရင်လည်း
တံခါးခေါက်ကာ အသိမပေးခဲ့ပါနဲ့
ဖြေးဖြေးလေး တိတ်ဆိတ်စွာ
ကျန်နေခဲ့ ပါရစေ..........

Friday, September 5, 2008

ငယ်ငယ်တုံးက.............(၆)

ပါချူး (၆)တန်းတုံးက အေးချမ်းတဲ့ အညာဆောင်း တစ်ခုရဲ့ ညနေပိုင်းလေး တစ်ခုမှာ ပါချူး ထမင်းအိုးတည်ဘို့ မီးမွှေးလိုက်တယ်။ နောက်ပီး ရေနွေးအိုး တည်လိုက်တာပေါ့။ ဆန် နို့ဆီဗူး (၆)ဗူးကို ရေဆေး လိုက်တယ် မနိုင်တနိုင် ထမင်းအိုကို ရေတွေရော မပြီး မီးဖိုနားကို ယူလာတယ်။ ရေနွေးအိုး ပွက်တော့ မီးဖိုပေါ်ကနေ ချပြီး မီးဖိုဘေးနားမှာ ကပ်ထား လိုက်တယ်။ မေမေက ရေနွေး ကြိုက်တတ်တော့ ရေနွေး ထည့်ပေးဘို့ပါ အာရုံက ရောက်သွားတယ်။ အဲဒီ အချိန်မှာ အငယ်မ တစ်ယောက်က ထန်းပင်မြစ်(ထန်းမြစ်) တစ်ချောင်းကို မီးဖိုမှာ လာထိုး ထည့်တယ်။ ထမင်းအိုးက မီအရှိန် ကောင်းကောင်းနဲ့မှ ထမင်းကောင်း မယ်လေ။ ထန်းပင်မြစ် ဖုတ်လိုက်ရင် ထင်းချောင်း ထိုးဘို့ နေရာ မရှိတော့လို့ မီးအရှိန် မကောင်းနိုင်တော့ဘူး။ ပါချူးလည်း ထန်းပင်မြစ် ဖုတ်ချင်တဲ့ အငယ်မကို ဒေါသဖြစ်မိတယ် ဒါလောက်မှ မသိရပါ့မလား ဆိုပီးပေါ့။ မီးဖိုထဲ ထိုးထည့်ထားတဲ့ ထန်းပင်မြစ်ကို ဒေါသနဲ့ ဆွဲနှုတ်လိုက်တဲ့ အချိန်မှာ ခုနက ခွင်ပေါ်ကနေ ချထားတဲ့ ရေနွေးအိုးကို တိုက်ချမိပါရော..... ကွက်တိဘဲ ပါချူး ဘယ်ဘက် ခြေထောက် ပေါ်ကို တည့်တည့်ဘဲ..... ပူလိုက်တာ..... ဘယ်လို ပြောရမှန်းကို မသိတော့ဘူး...... အခုချိန်ထိ အဲဒီ ခံစားချက်ကို မမေ့တော့ဘူး...... ပူလွန်းလို့ လက်ထဲမှာ ကိုင်ထားတဲ့ လက်နှီးစုတ်နဲ့ ခြေထောက်ကို ဖိလိုက်မိတယ်... အရေခွံတွေ လန်ပြီး ဖွေးကနဲ တွေ့လိုက်ရတော့ ပါချူး ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး..... မေမေ ရောက်လာပြီး ဆေးပြာရည်တွေ ပုလင်းလိုက် လောင်းချလိုက်မှဘဲ အေးသွားတော့တယ်....... တစ်ခဏလေး ဖြစ်လိုက်မိတဲ့ ဒေါသဟာ တစ်သက်စာ ပါချူး သင်ခန်းစာဘဲ...... ဒါပေမဲ့ အခုချိန်ထိ ဒေါသထွက်တဲ့ အကြိမ် အရေတွက် နဲအောင်တော့ လုပ်လို့ ရတယ်။ လုံးဝ ဒေါသ ကင်းအောင်တော့ မလုပ်နိုင် သေးပါဘူး။ ပါချူး ခြေထောက်မှာ ပူနေတဲ့ အပူတွေကို အေးသွားအောင် မေမေက ဆေးပြာရည်တွေ လောင်းထည့် ပေးသလို..... အခုချိန်မှာ ပါချူး ရင်ထဲက အပူတွေကို အေးသွားအောင် မေမေ ဘယ်လိုလုပ်ပေးမှလဲ??????????????

Tuesday, September 2, 2008

အဖြူရောင် နေရာလေး

ပျော်စရာ မှန်သမျှ

ကိုယ့်ရင်ခွင်မှ ယူသွားလိုက်ပါ

ကိုယ်ကျေနပ်စွာ ပေးလိုက်ပါ့မယ်။


ပူပင်စရာ မှန်သမျှ

ကိုယ့်ရင်ခွင်မှာ ထားခဲ့လိုက်ပါ

ကိုယ်ကျေနပ်စွာ ခံယူပါ့မယ်။


မယုံဘူးလား............

ကိုယ့်ရင်ခွင်ထဲ ၀င်ကြည့်လိုက်ပါ

မင်းအတွက် အဦးဆုံးနေရာလေးဟာ

အဖြူရောင်ကလေးပါကွယ်။

Monday, September 1, 2008

Photobucket

စက်တင်္ဘာ (၁)ရက်နေ့မှာ ကျရောက်သော ကျားလေး၏ (၂၂)နှစ်မြောက် မွေ့နေ့မှသည် နောင်နှစ်ပေါင်း (၁၀၀)တိုင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒမှန်သမျှ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ။ မိမိချစ်သော သူများနဲ့ တစ်သက် အတူမကွဲ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ။

Wednesday, August 27, 2008

မိုး

မိုးရေဖွေးဖွေး

အေးအေးထဲမှာ

နှစ်ယောက်အတူ

ထီးတစ်ချောင်းနဲ့

ကမ္ဘာတစ်ခု

တည်ဆောက်ခဲ့တဲ့

ခဏတာလေး

အချိန်လေးကို

တစ်သက်စာတမ်း

မှန်းဆလို့လွမ်း

ဖြစ်ဘို့ဆိုတာ

သိခဲ့ရင်လေ.......

မိုးတွေရွာတိုင်း

ထင်မိစိတ်မှာ

အလွမ်းမိုးတို့

ရင်ထဲသဲသဲ

ရွှဲရွှဲနစ်အောင်

မွှန်းကြပ်နှလုံးသား

မ၀အသက်ရှူ

မျှင်းမျှင်းအသက်နဲ့

ဆက်မိနေပြီ.......

Thursday, August 21, 2008

ဒို့နှစ်ယောက်

ဒို့နှစ်ယောက် စိတ်တူကြရင်
ခရောင်းလမ်းကိုလည်း ဖြတ်
ပန်းခင်းလမ်းကိုလည်း နင်း
ပျော်စရာ ဘ၀ကြီးကို
လက်တွဲကာ ကြည်နူးလို့
တည်ဆောက်ကြမယ်။

ဒို့နှစ်ယောက် စိတ်တူကြရင်
မာနတွေ အပြိုင်ထား
သုံးနဲ့ လေးလို ကျောပေး
နောက်ပြန်လှည့် မကြည့်စတမ်း
ကျောခိုင်းလို့ သွားကြမယ်။

ဒို့နှစ်ယောက် စိတ်တူကြရင်
ဘာမဆို အတူတူ
နှစ်ဦးသဘောတူ လုပ်လို့ရတယ်။

Tuesday, August 19, 2008

ဘ၀ဖြစ်အင်

ဘယ်အရာမဆို ပုံသေချမရ
ပုံစံတစ်ကျ ဖြစ်အောင်
စိတ်ထဲမှာ အကွက်ချလည်း
လုပ်လိုက်ရတဲ့ လက်တွေ့က
ပြောင်းပြန်။

ကြိုတင်ကာ ဘာမှမစဉ်းစား
ဖြစ်ကာမှ ဖြစ်လေရော
ဇွတ်တိုးကာ လုပ်လိုက်မှ
တည့်သွားသေးတယ်။

လူ့ဘ၀ ဇတ်ခုံမှာ
စည်းမျဉ်းတွေ ဘောင်တွေကြား
အံဝင်အောင် တွန်းထိုးလို့
မျက်စေ့ကို ရှင်ရှင်ထား
ဦးနှောက်ကို အနားမပေးဘဲ
မနဲနေရ။

ဖြစ်ချင်တဲ့ ဘ၀ရယ်
ဖြစ်သင့်နေတဲ့ ဘ၀ရယ်
ဒီနှစ်ခုကြား ဗျာများရတဲ့
ပါချူးရဲ့ ဖြစ်အင်။

Thursday, August 7, 2008

မကြီးပါချူးအလှူ

သူငယ်ချင်းတို့ရေ မကြီးပါချူးလည်း မအားတာနဲ့ ပို့စ်တင်မယ်ဆိုပီး ရေးထားတာလေးကို မတင်ဖြစ်ဘဲ ဖြစ်နေတယ်။ စိတ်ကြိုက်လည်း မဖြစ်သေးလို့ပါ။

ဝါတွင်းကာလ နှစ်စဉ်နှစ်တိုင်း မိဘတွေ ၀ါဆိုသင်္ကန်း ကပ်ချိန်ဆို မကြီး အိမ်ကို ရောက်အောင်ပြန်ခဲ့တယ်။ ၀ါဆိုသင်္ကန်း ဆိုတာကလည်း အချိန် အကန့်အသတ်နဲ့ လုပ်ရတဲ့ အလှူတစ်ခု ဖြစ်တယ်လေ။ ၀ါဆိုလပြည့်နေ့ ကနေ သီတင်းကျွတ် လပြည့်နေ့ အထိဘဲ လှူလို့ရတဲ့ အလှူတစ်ခုပါ။ အခုလို အိမ်ပြန်ဘို့ အခြေအနေ မပေးတဲ့ အချိန်မှာတော့ ကိုယ့်ဘာသာ သင်္ကန်းကပ်ဘို့ စိတ်ကူးမိတယ်။ ၀ါဆိုသင်္ကန်းကပ်ဖို့ မကြီး ငယ်ငယ်လေး ကတည်းက လုပ်ချင်ခဲ့တဲ့ အလှူတစ်ခုပါ။ ဒါကြောင့်မို့ ဒီအလှူကို ဖြစ်အောင် လုပ်မယ်ဆိုပီး မကြီး လုပ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ် ၀ါတွင်းဖြစ်တဲ့ ၀ါခေါင် လဆန်း (၁)ရက်နေ့ မနက် (၉)နရီ အချိန်မှာ ၀ါဆိုသင်္ကန်း ကပ်ဖြစ်တယ်။ မကြီး ကပ်ဖြစ်တဲ့ ၀ါဆိုသင်္ကန်းက အခုအကြိမ်ပါဆို (၅)ကြိမ်မြောက်ပါ။

မကြီးပါချူးတို့ သူငယ်ချင်းတစ်စု သင်္ကန်း၊ ပန်း၊ ၀တ္ထုငွေ တို့ကို ကိုင်ဆောင်ပီး ဘုန်းတော်ကြီး ကျောင်းကို သွားကြပါတယ်။ ဘုန်းတော်ကြီးက ငါးပါးသီလ ခံယူစေပါတယ်။ ဘုန်းတော်ကြီးမှ ဟောကြားသော တရားတော်တို့ထဲမှာ အပါယ် တံခါးပိတ်တဲ့ အလှူကြီး (၅)ခုရှိတယ် ဆိုတာ ဟောကြားပါတယ်။ အဲဒီအလှူကြီး (၅)ခုကတော့........ (၁) ကထိန်သင်္ကန်း ဆက်ကပ်ခြင်း။ (၂)နေ့စဉ်မပျက် သိဿပတ်ဆွမ်း လောင်းလှူခြင်း။ (၃) ၀ါဆိုသင်္ကန်း ဆက်ကပ်ခြင်း။ (၄) စာရေးတံမဲလောင်းလှူခြင်း။ (၅) မြသပိတ်ဆွမ်း ဆက်ကပ်ခြင်း (ဘုရားပွဲများတယ် မဲဖေါက်ပြီး တာဝန်ကျ သံဃာတော် များအား ဆွမ်းကပ်ခြင်း)တို့ဘဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်တော်တုံးက ၀ါတွင်းကာလ မိုးတွင်းအခါမှာ သင်္ကန်းသုံးထည်ကိုပဲ ၀တ်နေရတဲ့ တရား အားထုတ်နေတဲ့ ရဟန်းတော်တွေ ရှိပါတယ်။ မြတ်စွာဘုရားဟာ သင်္ကန်းသုံးထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ၀တ်ရုံ သုံးစွဲခွင့် ပြုခဲ့ပါတယ်။ မိုးရေခံ သင်္ကန်းအလှူ လို့လဲ ခေါ်ပါကြောင်းလဲ ဟောကြား ခဲ့ပါတယ်။

ဒီလို မိုးရေခံ သင်္ကန်းကို လှူဒါန်းရတဲ့အတွက် နိဗ္ဗါန် မရောက်မီ စပ်ကြား ရောက်ရာဘ၀မှာ အသားအရေ ကြည်လင်ခြင်း၊ နူးညံ့ ပျော့ပျောင်းခြင်း။ မိမိလိုချင်ရာ တောင့်တလိုက်တိုင်း ပြီးပြည့်စုံခြင်း။ အ၀တ်အထည် မရှားပါးခြင်း။ ဧဟိဘိက္ခူ အခေါ်ခံရခြင်း ဆိုတဲ့ အကျိုးထူးတွေလဲ ရရှိမှာ ဖြစ်ပါတယ်လို့ ဟောကြားခဲ့ပါတယ်။


ဘုန်းတော်ကြီးမှ တရားဟောပီး ၀ါဆိုသင်္ကန်းနဲ့ ၀ါဆိုပန်းကို ဆက်ကပ်စေပါတယ်။ သူငယ်ချင်းတစ်စု ကလည်း ၀ါဆိုပန်းတွေ ကိုင်ဆောင်ပီး ဘုန်းတော်ကြီး ချပေးသမျှ ညီညီညာညာ လိုက်ပါ ရွတ်ဆိုကြတာ ၀မ်းမြောက်ဘွယ်ပါ။ အမျှဝေပီးချိန်မှာ သာဓုအနုမောဓနာ ခေါ်လိုက်ရတဲ့ အရသာဟာ ပြောမပြတတ်အောင် ကြည်နူးရပါတယ်။

ဘုန်းတော်ကြီးကျောင်းမှ ကပ္ပိယက လဘက်သုတ်၊ ငှက်ပျော်ယို၊ ဆနွင်းမကင်း၊ နာနတ်သီး တို့ကို ချကြွေးပါတယ်။ ပါချူးတို့လည်း စားသောက်ပီး ကျောင်းတိုက် တစ်တိုက်လုံးမှာ ရှိတဲ့ ဘုရားညောင်ရေအိုး တွေကို ၀ါဆိုပန်းတွေနဲ့ ဘုရားပန်း လဲကြပါတယ်။ နေ့လည် (၁၁)နာရီမှာ ဘုရားပန်းလဲ၊ ဘုရားမှာ ပန်းကပ်ပီးတော့ ဘုန်းကြီးကျောင်းကနေ ပြန်လာကြပါတယ်။

ဝါဆိုသင်္ကန်း ကပ်ရာမှာ ပါလာကြတဲ့ သူငယ်ချင်းတစ်စုကို မကြီးပါချူးက မနက်စာ ထမင်းကြွေးပါတယ်။ အခုမှ ပါချူးတို့ တီးဝိုင်းပါ။ (ဟီး..... ပါချူးက အကြွားသန်ပါဘိနဲ့.... ချက်ကြွေးရင် ပါချူးလက်ရာကို ဘယ်သူမှ စားနိုင်ကြမှာမဟုတ်လို့ ထမင်းဆိုင်မှာဘဲ ကြွေးလိုက်ပါတယ်... :P) တော်တော်စားကောင်းတဲ့ ဆိုင်ကလေးပါ။ ပင်မဟင်းတွေက ၀က်သား၊ ကြက်သား၊ ငါးကြော်ချက်၊ ကြက်ဥချက်၊ ငါးကလေးအိုးကပ်၊ ဆိတ်သား၊ ဆိတ်သားလုံး၊ ကြက်မြစ်ကြက်သဲ၊ ၀က်ပုံး၊ ၀က်ကလီစာ၊ ဆိတ်ကလီစာ၊ ၀က်အူမကြီးချက်၊ နွားနို့ချက်၊ ၀က်အငန်ကျော်။ ကိုယ်ကြိုက်တဲ့ဟင်း မှာလိုက်ရုံဘဲ။ ဟင်းအရံတွေက ကုလားပဲဒိုး၊ မျှစ်ချဉ် ချဉ်ရေ၊ ချဉ်ပေါင်ကျော်၊ ခရမ်းသီးနှပ်၊ ငရုပ်သီးနဲ့ငါးခြောက်ကျော်၊ ငါးပိရေ၊ တို့စရာအစုံ။ ခေါင်း မဖေါ်စတမ်းပါ။ သစ္စာဖေါက်တဲ့ခေါင်း ထောင် လိုက်စမ်းဘဲ။ ထမင်းစားပီး အချိုပွဲအနေနဲ့ နာနတ်သီး၊ လဘက်သုတ် စားကြပါတယ်။

ထမင်းစားပီး ပြန်ကြတော့ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ စကားတွေပြောရင်း လမ်းလျှောက်ရင်း...........

သူငယ်ချင်းတို့ရေ................. ၀ါဆိုသင်္ကန်းဆိုတာ လူတွေအများကြီး ပိုက်ဆံတွေ အများကြီး ကုန်မှ ဖြစ်မြောက်တဲ့ အလှူ မဟုတ်ပါဘူး။ မကြီးရဲ့ ဒုတိယအကြိမ် အလှူတုံးကဆို သူငယ်ချင်းနဲ့ မကြီး နှစ်ယောက်ထဲ သီတင်းကျွတ် လပြည့်နေ့ (နောက်ဆုံးနေ့)မှာ သွားလှူတာပါ။ အဓိက က သင်္ကန်းပါ။ ၀ါတွင်းကာလမှာဘဲ လှူလို့ရတဲ့ သင်္ကန်း အလှူတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူငယ်ချင်းတို့လည်း ဖြစ်နိုင်မယ်ဆိုရင် ဒီအလှူကလေးကို လုပ်လိုက်ကြပါလို့ မကြီး တိုက်တွန်း ချင်ပါတယ်။


Monday, August 4, 2008

Photobucket
၂၀၀၈ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ကျရောက်သော အနတ္တ္တ၏ မွေးနေ့ မှသည် နောင်နှစ်ပေါင်း ၁၂၀တိုင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပီး လိုတိုင်းတ တတိုင်း ရတဲ့သူ ဖြစ်ပါစေ။

Thursday, July 31, 2008

PRINTED HANDS

သူငယ်ချင်းတို့ရေ.. မကြီးကြိုက်တဲ့ Printed Hands ကလေးတွေပါ။ လက်တစ်ခုကို ၄နာရီ ဆွဲရပါတယ်။ ဒါပေမဲ့ လက်နှစ်ဖက်ပါတဲ့ Eagle ပုံလေးဖြစ်တဲ့ ဒုတိယပုံလေး လက်ကိုတော့ ၁၀နာရီ ဆွဲရပါသတဲ့။ သူငယ်ချင်းတို့ကို မျှဝေလိုက်ပါတယ်။


Photobucket
2
3
4
5
6
7
8
9
10
11
12
13
14

Thursday, July 24, 2008

ငါအိုသွားသောအခါ

  • ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
  • ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားသောအခါ အင်္ကျီ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့ အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
  • အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သီးခံ နားထောင်ပေးပါ။ ငယ်ငယ်တုံးက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာ့ ငါးဆယ် နိပါတ်တော်တွေ ဇတ်ကြီးဖယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
  • မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ မငြိုမငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
  • ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ငယ်ငယ်တုန်းက “ ဘာကြောင့်ဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။
  • စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကုတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုံးက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
  • တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပီး ၀မ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

  • အလကားရပြီး တန်ဖိုးအကြီးဆုံး အရာ နှစ်ခုရှိတယ် အဲဒါ မိဘမေတ္တာနဲ့ အသက်ရှင်ဖို့အတွက် ရှူတဲ့ လေဘဲ။
  • အစားထိုးမရတဲ့ ဆုံးရှုံးမှု(နှစ်ခု)ရှိတယ်။ အဲဒါမိဘနဲ့ အချိန်ဘဲ။

သူငယ်ချင်းတို့အားလုံး မိဘနဲ့ တွေ့ချိန်တွေမှာ သတိမထားဖြစ်ကြဘဲ လုပ်မိကြတဲ့ အပြုအမူလေးတွေ ရှိပါတယ်။ သတိထားပြီး မိဘကို အလုပ်အကြွေးပြု ဆက်ဆံနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

Wednesday, July 23, 2008

Friday, July 18, 2008

ကိုယ့် စေတနာကို
တစ်ပါးသူ
တန်ဖိုး ထားသည်ဖြစ်စေ၊
မထားသည်ဖြစ်စေ
ကိုယ့်စေတနာ
ကိုယ်တန်ဖိုး ထားဖို့ဘဲ လိုတယ်။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ဘုန်းကြီးကျောင်းသွားဖို့ အချိန်မရှိဘူး
တရားနာဖို့ အချိန်မရှိဘူး
သေဖို့ရော အချိန်မှ ရှိကြသေးရဲ့လား။

လူပီသတဲ့ လူဘ၀နဲ့
ငါဘယ်နှစ်နှစ် နေသွားမလဲဆိုတာ
ပြန်တွေးကြည့် နေရမယ်။

(ရှင်ဥာဏိဿရ)
သူများ ထိခိုက်သွားအောင်
ပြောနိုင်၊ ဆိုနိုင်၊ လုပ်နိုင်မှ
ကိုယ့်ကိုယ်ကို တော်တဲ့သူ
စွမ်းတဲ့လူ၊ ထက်တဲ့သူလို့
ခံစားရသလား။
သူများ ကိုယ့်ကို ကြောက်နေမှ
ကိုယ့်ကိုယ်ကို စွမ်းအားကြီးတဲ့သူလို့
ခံစားရသလား။
သူများ ဂုဏ်သိက္ခာကျသွားမှ
ကိုယ့်ဂုဏ်သိက္ခာ တက်မှာလား။

(ဆရာတော် ဦးဇောတိက)

Tuesday, July 15, 2008

ဒီနေ့

ဝမ်းသာပျော်မြူး ကြည်နူးနေလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

ဝမ်းနဲပက်လက် ရင်မှာမချိလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

ရုန်းကန်လှုပ်ရှား မနားရလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

တေလေစိတ်နဲ့ လွင့်မျောနေလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

ဦးနှောက်ဗလာ ဖြစ်နေပါမူ

အရာအားလုံး မေ့သွားသော်လဲ

မှတ်မိနေတဲ့ နှလုံးသားက

ဖျောက်ဖျက်မရတဲ့ ဒီ ရက်ကလေး။

Friday, July 11, 2008

မဟာဆုတောင်းပြည့် နှီးဘုရားကြီး

ပီးခဲ့တဲ့ ပိတ်ရက်က မေမြို့ အနီးစခမ်းနားမှာရှိတဲ့ နှီးဘုရားကြီးကို မကြီးသွားပီး ဖူးခဲ့ရတယ်။ အချိုးအစား ကျနပီး လွန်စွာ ကြည်ညိုဖွယ် ကောင်းသော ဘုရားတစ်ဆူ အဖြစ် ဖူးခဲ့ရပါတယ်။ နှီးဘုရားကြီး ရက်လုပ်နေစဉ် ကလည်း တစ်ခါ ဖူးဘူး ပါတယ်။ အခု တစ်ခါဟာ ဒုတိယ အကြိမ် ဖူးဘူးတာပါ။
နှီးဘုရား ရက်လုပ် ပူဇော်သူကတော့ ဗိသုကာဆရာကြီး လုံးအွန်ဆိုင် (တာချီလိတ်မြို့၊ ဝှေလေလန်ရွာ)က ဖြစ်ပါတယ်။ နှီးဘုရားကြီးကို မေမြို့ အနီးစခန်း၊ ဖောင်းတောရွာ၊ ဆင်ခေါင်းကြီးကျောင်းဝင်း၊ ညောင်ပင်ကြီး အောက်မှာ ယာယီ စံကျောင်းတော် ဆောက်ပီး ရက်လုပ်ပူဇော်ခဲ့ပါတယ်။

စတင်ပီး ရက်လုပ်တဲ့နေ့--------------- ၁၃၆၆ခု၊ နတ်တော်လပြည့်
စတင်သည့်အချိန်.-------------------- နံနက် (၈)နာရီ
ပြီးစီးသည့်နေ့------------------------ ၁၃၆၆ခု၊ ပြာသိုလဆန်း (၁၄)ရက် (ကြာချိန် တစ်လတိတိ)
ဝါး၊ နှီး အလုံးပေါင်း-------------------- ၈၄၀၀၀

ထူးခြားချက်
စတင်ရက်လုပ်ချိန် နံနက်(၈)နာရီ အချိန်တွင် ထူးခြားစွာ မြေငလျင်ကြီး ပြင်းထန်စွာလှုပ်ခြင်း။
ညောင်ပင်ကြီး အရှေ့ဘက် ကိုင်းမှလည်း အံ့ဖွယ် အခါမဲ့ အသီး (၈၄)လုံး သီးခြင်း တို့ဘဲဖြစ်ပါတယ်။

နှီးဘုရား ရက်လုပ်စဉ်အချိန်မှာ မကြီး ရောက်သွားခဲ့တုံးက ညောင်သီးတွေကို မကြီးလည်း တွေ့မြင်ခဲ့ရပါတယ်။

နှီးဘုရားကြီး၏ ဘွဲ့တော်မှာ "မဟာဆုတောင်းပြည့် နှီးဘုရားကြီး" ဖြစ်ပါတယ်။
အခုတော့ နှီးဘုရားကြီးကို ပတ္တမြားတောင် မှာ ကိန်းဝပ်စံပယ်နေတာကို ဖူးခဲ့ရပါတယ်။


Photobucket
ဒီညောင်ပင်ကြီး အောက်မှာ နှီးဘုရားကြီး ရက်လုပ်

Photobucket
နှီးဘုရားကြီးအား ဖူးမျှော်ရန် ပတ္တမြားတောင်ပေါ် တက်လမ်း

Photobucket
မဟာဆုတောင်းပြည့် နှီးဘုရားကြီး
Photobucket
ပတ္တမြားတောင်ပေါ် မှ မြင်ရသော ကျောက်တောင်ကလေး
Photobucket
ပတ္တမြားတောင်ပေါ် မှ မြင်ရသော အနီးစခန်း လေယဉ်ပြေးလမ်း

Tuesday, July 8, 2008

ဘဝ

တွေ့ကြုံဘ၀ ရင်ဆိုင်ဘို့ရာ
အာမာန်အပြည့် ထွန်းလင်းပေးတဲ့
ဖေဖေ့မျက်နှာ နေမင်းပမာ။
သနားညှာတာ ခွင့်လွှတ်သည်းခံ
ငြင်သာနူးညံ့ အေးမြအပြုံးနဲ့
မေမေ့မျက်နှာ လမင်းပမာ။
ဘ၀တစ်ခု ရပ်တည်ဘို့ရာ
မနားရအောင် လှုပ်ရှားရုန်းကန်
ပင်ပန်းကြီးစွာ လျှောက်လှမ်းနေ၍
မိုးသားတိမ်ညို ဖုံးအုပ်သလို
နေမင်း လမင်း အလင်းရောင်လည်း
အမှောင်တိကျ မမြင်ရတဲ့
ရက်လတို့လည်း ကြာနေဘီ။

Monday, July 7, 2008

မမေးလိုက်ပါနဲ့

ဘယ်သွားနေလဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါ ဘယ်ကို သွားခဲ့ဘူးလဲ။
ဘာလုပ်နေလဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါ ဘာကို လုပ်ခဲ့ဘူးလဲ။
ဘယ်လောက်ချစ်လဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါလုပ်ခဲ့တာ
နင့်ထက်ပိုလို့
ချစ်တာတတ်တာလေး
တစ်ခုထဲပါ။

Wednesday, July 2, 2008

လွမ်းမိပါတယ်

ဟင်းချက်ညံ့တဲ့ သမီး မလေး
ထမင်းစားတိုင်း တမ်းတမိတာ
ကြက်သားဟင်းနဲ့ မလဲနိုင်တဲ့
အမေချက်တဲ့ ချဉ်ပေါင်ဟင်း
စားရရင်ဖြင့် ထမင်းမြိန်မှာဘဲလို့
တမ်းတမ်းတတ ရှိနေလျှက်က
မျှော်မှန်းလို့ အရသာ
သောက်လိုက်တဲ့ ရေတစ်ခွက်နဲ့
ဗိုက်ပြည့်လို့ တော်လိုက်ရတဲ့
ထမင်းအနပ်ပေါင်း မြောက်များစွာကို
ကျော်ဖြတ်ခဲ့တဲ့ အကြိမ်ကြိမ်တိုင်း
သမီး လွမ်းမိပါတယ် အမေရယ်။

Friday, June 27, 2008

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ။

အရိပ် ရဲ့ မွေးနေ့ပွဲကို ကြွရောက် ချီးမြှောက်ကြတဲ့ အတွက် မကြီးပါချူးမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။

အရိပ်ရဲ့ မွေးနေ့ပွဲကို မကြီးပါချူး စဉ်းစားမိသလောက် အစီအစဉ်ကလေးတွေ လုပ်ပေးထားပါတယ်။

မွေးနေ့ရှင်နှင့်အတူ သူငယ်ချင်းအားလုံး ပျော်ရွှင် ချမ်းမြေ့ကြမယ်လို့ မကြီးထင်ပါတယ်။

မွေးနေ့ရှင် အရိပ်ရဲ့ အသက်ကို မမေးကြပါနဲ့ မွေးနေ့ကိတ်များပေါ်တွင် စိုက်ထားသော ဖယောင်းတိုင်များသာ စုပေါင်း ရေတွက်လိုက်ကြပါ။ အသက်စေ့ ထွန်းရန် မွေးနေ့ကိတ် တစ်လုံးဖြင့် မလုံလောက်ပါသဖြင့်........ :P

ပထမဆုံး မကြီးပါချူးမှ အရိပ်အတွက် လက်ဆောင်ပါ။
Photobucket


တီးဝိုင်းခေါင်းဆောင် အနတ္တရဲ့ အားရပါးရ ဖျော်ဖြေနေမှုကို အားပေးကြပါဦး။
သီချင်းဆိုချင်သော သူများလည်း အနတ္တနဲ့ ဆက်သွယ်ပါ။

Photobucket

ချောကလက် မုန်မျိုးစုံနဲ့ ဧည့်ခံပါ့မယ် မိမိကြိုက်နှစ်သက်ရာကို သုံးဆောင်နိုင်ကြပါတယ်။ အားမနာကြနဲ့နော် သူငယ်ချင်းတို့..........

13-15-16
3in1
Photobucket2310
PhotobucketPhotobucket

ကိတ်မုံ့ကို မွေးနေ့ရှင် အရိပ်မှ လှီးထားသော မုန့်ပါ။

Photobucket

သူငယ်ချင်းအားလုံးကို ကြွေးပါတော့မယ်။

Photobucket

မွေးနေ့ရှင်ကို အထင်ကြီးသောအားဖြင့် မကြီးမှ သီးသန့် အစီအစဉ် ကလေးပါ။
ဒါလေးကတော့ မွေးနေ့ရှင်မှ တစ်ယောက်သောသူအတွက် သီးသန့်ကြွေးဘို့ပါ။
(သတိ။ ။ ဘယ်သူမှ လုမစားရ ငရဲကြီးလိမ့်မယ်)

heart cho

မွေးနေ့ရှင်နှင့် သက်ဆိုင်သူတို့ နှစ်ဦးအတူ စားဘို့ပါ။

doub

ဒါလေးတွေကို ၀ါသနာပါသော သူငယ်ချင်းတို့အတွက်လဲစီစဉ်ထားတယ်နော်

Wednesday, June 25, 2008

တောင်းဆိုပါတယ်

POSSIBILITIES TO IMPROVE THE CIRCULAR RAILWAY IN YANGON

1. Replacement of rolling stock

2. Installing the signaling equipment and advanced information system

3.Upgrade the station facilities

4. Improvement on track facilities

5. Improvement of fare system

How many passengers will be inceased?

Existing passengers is 130,000/day.

Circular railway line covered 21 townships of Yangon and 70% of Yangon Population stayed these townships. Yangon population is over 6 million.

သူငယ်ချင်းတို့ရေ....... မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရှိနေတဲ့ မြို့ပတ်ရထား အကြောင်းလေးပါ။ သူငယ်ချင်းတို့ ဆီကနေ အကြံဥာဏ်ကလေးတွေကို ရယူချင်ပါတယ်။ နောက်ပိုင်းတွေမှာလဲ မကြီးထပ်ပီး တင်ပေးပါဦးမယ်။ သူငယ်ချင်းတို့ရဲ့ အကြံဥာဏ်တွေကို ဒီပို့စ်ရဲ့ Comment လေးမှာ တစ်ခုစီဖြစ်ဖြစ် ရေးပေးခဲ့ကြပါနော်။ အကြောင်းအရာက ၅ခု ပါလို့ တစ်ခုကို မှတ်ချက်တစ်ခုစီ ခွဲပေးကြပါလား။ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်............

Tuesday, June 24, 2008

Monday, June 23, 2008

Healthy Juices

သူငယ်ချင်းတို့ရေ မကြီး သိသလောက် မျှဝေလိုက်တယ်နော်


1
Carrot + Ginger + Apple - Boost and cleanse our system.

2
Apple + Cucumber + Celery - Prevent cancer, reduce cholesterol, and eliminate stomach upset and headache.
3
Tomato + Carrot + Apple - Improve skin complexion and eliminate bad breath.

4
Bitter gourd + Apple + Milk - Avoid bad breath and reduce internal body heat.

5
Orange + Ginger + Cucumber - Improve Skin texture and moisture and reduce body heat.

6
Pineapple + Apple + Watermelon - To dispel excess salts, nourishes the bladder and kidney.

7
Apple + Cucumber + Kiwi - To improve skin complexion.

8
Pear & Banana - regulates sugar content.

9
Carrot + Apple + Pear + Mango - Clear body heat, counteracts toxicity, decreased blood pressure and fight oxidization .


10
Honeydew + Grape + Watermelon + Milk - Rich in vitamin C +Vitamin B2 that increase cell activity and strengthen body immunity.

11
Papa ya + Pineapple + Milk - Rich in vitamin C, E, Iron. Improve skin complexion and metabolism.

12

Banana + Pineapple + Milk - Rich in vitamin with nutritious and prevent constipation

Thursday, June 19, 2008

New Marketing Definitions

DirectMarketing ဆိုသည်မှာ

ပါတီတစ်ခုသို့သွား ရင်းနှင်. ကိုယ်ကြိုက်တဲ့ ခပ်မိုက်
မိုက်ကောင်မလေးတစ်ယောက် ကိုတွေ့သည့်အခါ ကိုယ်ကလည်းချမ်းသာသည်ဆိုပါဆို့

ကောင်မလေးထံသို့သွား၍ ကိုယ်ချမ်းသာကြောင်း ပြောပြီး
လက်ထပ်လိုကြောင်းသွားပြောတာမျိုး ဖြစ်သည်။

Advertising ဆိုသည်မှာ

သူနှင်.ရင်းနှီးသော ကိုယ်၏သူငယ်ချင်းမအားမိတ်ဆက်ခိုင်း၍
ထိုကောင်မလေးအား ကိုယ့်ကောင်းကြောင်းများကိုသာ ပြောစေချင်းဖြစ်သည်။

ွှTelemarketing ဆိုသည်မှာ

တနည်းနည်းနှင်. ကောင်မလေး၏ ဖုန်းနံပါတ်အား ရအောင်ယူ၍ နောက်နေ့တွင်
် ပုံစံ အမျိုးမျိုးနှင့် ကြူချင်း ပင်ဖြစ်သည်။

Customer Care ဆိုသည်မှာ

ထိုကောင်မလေးနှင်.ရင်းနှီးမှုစရ ပါက ကိုယ့်ကို တချိန်လုံးစိတ်တွင်ရှိနေစေ
ရန် များများအာ၍ ဂရုစိုက်သလိုလုပ်ပြချင်းဖြစ်သည်။

ထိုအချိန်တွင် ကောင်မလေးဘက်မှ ကိုယ့်အကြောင်း
သိကာဒေါပွပြီး ပြစ်ပြစ်နှစ်နှစ်ဆဲဆိုကာ ပါးကို ဘယ်ပြန်ညာပြန် ရိုက်သွားပါက
Customer Feedback ဟု မှတ်ယူပါလေ။

သူငယ်ချင်းတို့ရေ မျှဝေလိုက်တယ်နော်................. :P

ထာဝရ

ပျော်ရွှင်မှု ပိတိတွေကို
နှစ်ယောက်အတူ မျှဝေကြမယ်။

အခက်အခဲမှန်သမျှ
လက်တွဲအတူ ဖြေရှင်းပြစ်မယ်။

ဝမ်းနည်းကြွေကွဲတာတွေအားလုံး
အတူတူ တွန်းလှန်ကြမယ်။

ဘယ်နေရာကိုဘဲ သွားသွား
တို့နှစ်ယောက် လက်တွဲမဖြုတ်စတမ်း။

ဘယ်နေရာကိုဘဲ ရောက်ရောက်
နှစ်ယောက်အတူ ရင်ထဲမှာ ထာဝရ။

Thursday, June 12, 2008

တူနှစ်ကိုယ်

တစ်သက်လုံးအတွက်

တစ်ယောက်ထဲရဲ့

နူးညံ့တဲ့အကြည့်

ကြင်နာတဲ့အပြုံး

ချိုသာတဲ့စကား

ရင်ထဲမှာ ဖြောက်ဖျက်မရ

အမြဲတမ်း မခွဲအတူ

ဝေးဝေးကို မသွားပါနဲ့

မဆွေးချင်လို့ပါ။


Thursday, June 5, 2008

ဘ၀နဲ့ ပတ်သက်သော လောကအမြင်

ဒီတစ်လ the light မဂ္ဂဇင်း ကနေ ဦးသန်းထွတ် (ပါမောက္ခ-ငြိမ်း) ရေးသားတဲ့ မာသာထရီဆာရဲ့ ဘ၀နှင့် ပတ်သက်တဲ့ လောကအမြင်များကို ဖေါ်ပြထားတာ ဖတ်လိုက်ရပါတယ်။ သူငယ်ချင်းများကို ထပ်ဆင့် မျှဝေပေးလိုက် ပါတယ်။ ဆရာ ဦးသန်းထွတ်အား ဒီနေရာမှ ကျေးဇူးအထူးတင်ရှိပါသည်။

" Life is beauty, admire it."
ဘ၀ ဆိုသည်မှာ အလှ ဖြစ်သည်။ ဘ၀ကို မြတ်နိုးပါ။
"Life is a song, sing it."
ဘ၀ ဆိုသည်မှာ တေးတစ်ပုဒ်ပင်ဖြစ်သည်။ ဘ၀ တေးကို သီဆိုကြပါ။
"Life is a game, play it."
ဘ၀ ဆိုသည်မှာ အားကစားတစ်ခုပင်ဖြစ်သည်။ ယှဉ်ပြိုင် ကစားလိုက်ပါ။
"Life is a dream, realize it."
ဘ၀ ဆိုသည်မှာ အိမ်မက်ပမာ ဖြစ်ပါသည်။ စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်လိုက်စမ်းပါ။
"Life is an adventure, dare it."
ဘ၀ ဆိုသည်မှာ စွန့်စားခန်း တစ်ခုဖြစ်သည်။ သတ္တိ ရှိရှိ စွန့်စားလိုက်စမ်းပါ။
"Life is a duty, complete it."
ဘ၀ ဆိုသည်မှာ တာဝန် ၀တ္တရား တစ်ခု ဖြစ်ပါသည်။ တာဝန် ကျေပါစေ။
"Life is a promise, fulfil it."
ဘ၀ ဆိုသည်မှာ ကတိသစ္စာ၊ ကတိတည်ပါစေ။
"Life is an opportunity, benefit from it."
ဘ၀ ဆိုသည် ရခဲသော အခွင့်အလမ်း တစ်ခု ဖြစ်သည်။ အကျိုးရှိအောင် နေပါ။
"Life is luck, make it."
ဘ၀ ဆိုသည် ကံကြမ္မာ၊ ကံကောင်းအောင် ကြိုးစားပါ။
"Life is a struggle, confront it."
ဘ၀ ဆိုသည်မှာ ရုန်းကန် လှုပ်ရှားမှု တစ်ခုဖြစ်သည်။ ရင်ဆိုင်လိုက်ပါ။
"Life is a sorrow, overcome it."
ဘ၀ ဆိုသည်မှာ ကြေကွဲ ၀မ်းနည်းခြင်း ဖြစ်သည်။ ကြေကွဲ ၀မ်းနဲမှုကို အနိုင်ယူနိုင်ပါစေ။
"Life is a tragedy, accept it."
ဘ၀ ဆိုသည်မှာ အလွမ်းဖြစ်သည်။ အလွမ်းဇတ်ကို နိုင်အောင် ကပါ။
"Life is life, fight for it."
ဘ၀ ဆိုသည်မှာ ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။ ဘ၀ တိုက်ပွဲ ဆင်နွဲပါ။
"Life is too precious, do not destroy it."
ဘ၀ ဟူသည် တန်ဘိုးရှိလှသည်။ ဘ၀ကို မဖျက်ဆီးပါနှင့်။

Wednesday, May 28, 2008

ငယ်ငယ်တုံးက.............(၅)

မကြီး ၄တန်းရောက်တော့ သံချိုဆောင်ကို ပြောင်းပြီး ကျောင်းတက်ကြရပါပြီ။ ဘုတလင် အထက ကျောင်းဝင်းကြီးရဲ့ အနောက်ဘက်မှာ သူငယ်တန်း ကနေ ၄တန်းအထိ တစ်စုတစ်ဝေးထဲ ထားပေးတဲ့ နှစ်ထပ် ကျောင်းဆောင်ကြီးပါ။ သံချိုဆောင်ကို မြောက်ဘက် မျက်နှာလှည့်ပီး အရှေ့ အနောက် တန်းဆောက်ထားတဲ့ အဆောင်ကြီးပါ။ မကြီးတို့ ၄တန်းက အတန်း အကြီးဆုံး ဆိုတော့ အပေါ်ဆုံးထပ်မှာ နေရတယ်လေ။ အတန်းပိုင်းဆရာက ဆရာဦးအောင်သန်း၊ ဆရာဦးမောင်ကိုတို့ နှစ်ယောက်ပါ။ စာသင် တော်ကြတဲ့ ဆရာနှစ်ယောက်ပါ။ တစ်ခါသင်လိုက်ရင် စိတ်ထဲမှာ ဆွဲသွားအောင် အသင်ပြကောင်းကြတာပါ။
မကြီး ၄တန်းနှစ်မှာ ထုတ်ဆီးတိုးပြိုင်ပွဲ ၀င်ကြရတယ်။ ခရိုင်ပြိုင်ပွဲဆိုတော့ မုံရွာခရိုင်မှာ ရှိတဲ့ မြို့နယ် ၈မြို့နယ်ကနေ မုံရွာမြို့ကို သွားပြိုင်ကြရမှာပါ။ မကြီးတို့လည်း လေ့ကျင့်ကြတာပေါ့။ စည်းနဲ့ ကမ်းနဲ့ လေ့ကျင့်တာ မဟုတ်ဘူး ပိုဆော့ကြတယ်လို့ ပြောလို့ရတယ်။ ထုတ်ဆီးတိုးပြိုင်ပွဲမှာ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေ ရှိတယ်ဆိုတာကို မကြီးတို့ မသိကြဘူး။ အချိန် ဘယ်လောက် ရှိရမယ်ဆိုတာလဲ မကြီးတို့ မသိကြဘူး။ အတန်းပိုင် ဆရာနှစ်ယောက် ကလည်း အတန်း တက်တာ ပျက်ကွက်ရင် အတီးခံရတယ်။ ကြောက်လည်း ကြောက်တယ်။
မကြီးတို့ခေတ်မှာ ၄တန်းကို မြို့နယ်က စာစစ်ဘုတ်အဖွဲ့ဆိုပီး ဖွဲ့ထားတာရှိတယ်။ အဲဒီဘုတ်အဖွဲ့ကနေပြီး မေးခွန်းထုတ်တယ် စာစစ်တယ်။ အဲဒီတော့ စာသင်တဲ့ ဆရာတွေကလည်း အလေးအနက် ထားတယ်။ ကိုယ်မသင် လိုက်ရလို့ မဖြေနိုင်ဘူး ဆိုတာကို အဖြစ် မခံနိုင်ကြဘူး။ စာမေးပွဲနီးရင် ပြန်လှန် လေ့ကျင့်ခန်းဆိုတာ ၃ခါလောက် လုပ်ပေးကြတယ်။ မကြီးတို့က ထုတ်ဆီးတိုး ပြိုင်ပွဲဝင်ရမယ်ဆိုပီး လေ့ကျင့်ချိန်အတွက် အတန်းဖျက်လို့ မရဘူး။ ကျောင်းမတက်ခင် ကျောင်းဆင်းပီး အချိန်မှဘဲ ထုတ်ဆီးတိုးကြရတယ်။
ပြိုင်ပွဲရက်ကိုတော့ မမှတ်မိတော့ဘူး ဒီဇင်ဘာလမှာ ပြိုင်ရတယ် ဆိုတာတော့ မှတ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲနေ့မှာ မုံရွာကို ကားနဲ့ သွားကြရတယ်။ မုံရွာ ဘောလုံးကွင်းထဲမှာ မနက် ၇နာရီမှာ စပီး ထုတ်ဆီးတိုး ကြရတယ်။ ချမ်းလိုက်တာ အင်္ကျီတိုကလေးတွေနဲ့ ဘောင်းဘီတိုလေးနဲ့။ ကောင်းကောင်းလည်း လေ့ကျင့်ထားတာ မဟုတ်။ ထုတ်ဆီး မတိုးခင်မှာ သွေးပူ လေ့ကျင့်ခန်း လုပ်ရမှန်းလည်း မသိ။ ဒီအတိုင်း ၀င်ပီး တိုးလိုက်တာ လူကို ချမ်းလွန်းလို့ တုံနေတာဘဲ။ မေးတွေ တဂတ်ဂတ် ရိုက်နေတယ်။ ဟိုပြေး ဒီပြေးလုပ်တာ မကြီးတို့လည်း ပွဲချိန် တစ်ဝက်လောက်မှ သွေးပူ လာတော့တယ်။ ဘယ်နှစ်မှတ်ဆီ ရတာလဲ ဆိုတာကို မကြီး အခုချိန်ထိ မှတ်မိနေသေးတယ်။ ရှုံးသလားလဲ မမေးနဲ့ ခွက်ခွက်လန်ဘဲ။
ပွဲမ၀င်ခင်မှာ ဘာမှာ ကောင်းကောင်း မသိဘူး။ ကြိုတင် ပြင်ဆင်မှုလဲ ဘာမှ လုပ်မသွားဘူး။ ပွဲတစ်ခုရဲ့ စည်းမျဉ်း စည်းကမ်း ဆိုတာတွေကို ဘာမှ မသိတာဟာ တစ်ပန်း ရှုံးတာဘဲ။ ဘာကို လုပ်သင့်တယ် ဘာကို မလုပ်ရဘူးဆိုတာ သိမထားဘူး။ တစ်ဘ၀စာ သင်ခန်းစာ ရစရာပါဘဲ။ ဒါပေမဲ့ အခုချိန်ထိ မကြီး အားလုံးကို လိုက်မလုပ်နိုင်သေးပါဘူး။ ဒါဟာ မကြီးပါချူးပါ။

Monday, May 26, 2008

happy birthday
၂၀၀၈ ခုနှစ် မေလ ၂၆ ရက်နေ့မှာ ကျရောက်သော ညီမငယ်လေး မချိုသင်း(Dr. Baby)ရဲ့ မွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာပြီး လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်စုံပါစေလို့ မကြီးပါချူး ဆုတောင်း ပေးလိုက်ပါတယ်။