Monday, December 1, 2008

ဆောင်းည

ကတ်မိုးနဲ့ ထရံကာ
ရေနံကြေးနံ့ အသင်းသင်းနဲ့
တစ်နေ့တာ အနားယူဖို့
ကြမ်းခင်းမှာ ကြောခင်းမိတယ်….။

ကတ်ထရံ အပေါက်ကြားက
နှင်းငွေ့တွေ သယ်လာတဲ့
တိုးဝင်တဲ့ လေပြေကြောင့်
ဂွမ်းဆောင်ကို ဆွဲလို့ခြုံ
မျက်စေ့ကိုမှိတ် နားစွင့်မိတယ်….။

ခေါင်းရင်းဘက် ညောင်ပင်က
လေတိုးသံ တရှဲရှဲကြောင့်
အမေ့အိမ် ပြန်ရောက်နေသလား
စိတ်ထဲမှာ ထင်လိုက်ရုံနဲ့
နွေးထွေးမှု သိုင်းခြုံ
ရင်ထဲမှာ လုံခြုံပီး
ကြည်နူးစွာ အိပ်ပျော်ခဲ့တဲ့
အော်………….
ရှည်လှတဲ့ ဆောင်းညများ….။

P.S ပါချူးတို့ ဘုတလင် အိမ်နားမှာ ညောင်ပင်ကြီး ၂ပင်ရှိတယ်။

1 comment:

Welcome said...

အညာဆောင်းမို့ အအေးပိုကဲမှာ သေချာပါတယ်။ အညာတာကင်းတဲ့ ဆောင်းရက်ရှည်ကို ဖြတ်ကျော်နိုင်ဖို့အတွက် အမေ့အိမ် ကို တမ်းတရုံနဲ့ နွေးထွေးစေမယ့် အမေတမ်းတ ကဗျာလေး အတွက် ကျေးဇူးတင်ရှိပါတယ်။

http://winzaw-mdy.blogspot.com/