ဟင်းချက်ညံ့တဲ့ သမီး မလေး
ထမင်းစားတိုင်း တမ်းတမိတာ
ကြက်သားဟင်းနဲ့ မလဲနိုင်တဲ့
အမေချက်တဲ့ ချဉ်ပေါင်ဟင်း
စားရရင်ဖြင့် ထမင်းမြိန်မှာဘဲလို့
တမ်းတမ်းတတ ရှိနေလျှက်က
မျှော်မှန်းလို့ အရသာ
သောက်လိုက်တဲ့ ရေတစ်ခွက်နဲ့
ဗိုက်ပြည့်လို့ တော်လိုက်ရတဲ့
ထမင်းအနပ်ပေါင်း မြောက်များစွာကို
ကျော်ဖြတ်ခဲ့တဲ့ အကြိမ်ကြိမ်တိုင်း
သမီး လွမ်းမိပါတယ် အမေရယ်။
Wednesday, July 2, 2008
Subscribe to:
Post Comments (Atom)
1 comments:
မကြီးရေ........သမီးလည်း အိမ်ကိုလွမ်းလာပြီ.... အီးဟီးဟီး........အမေ့လက်ရာစားချင်တယ်...
Post a Comment