Wednesday, June 25, 2008

တောင်းဆိုပါတယ်

POSSIBILITIES TO IMPROVE THE CIRCULAR RAILWAY IN YANGON

1. Replacement of rolling stock

2. Installing the signaling equipment and advanced information system

3.Upgrade the station facilities

4. Improvement on track facilities

5. Improvement of fare system

How many passengers will be inceased?

Existing passengers is 130,000/day.

Circular railway line covered 21 townships of Yangon and 70% of Yangon Population stayed these townships. Yangon population is over 6 million.

သူငယ်ချင်းတို့ရေ....... မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရှိနေတဲ့ မြို့ပတ်ရထား အကြောင်းလေးပါ။ သူငယ်ချင်းတို့ ဆီကနေ အကြံဥာဏ်ကလေးတွေကို ရယူချင်ပါတယ်။ နောက်ပိုင်းတွေမှာလဲ မကြီးထပ်ပီး တင်ပေးပါဦးမယ်။ သူငယ်ချင်းတို့ရဲ့ အကြံဥာဏ်တွေကို ဒီပို့စ်ရဲ့ Comment လေးမှာ တစ်ခုစီဖြစ်ဖြစ် ရေးပေးခဲ့ကြပါနော်။ အကြောင်းအရာက ၅ခု ပါလို့ တစ်ခုကို မှတ်ချက်တစ်ခုစီ ခွဲပေးကြပါလား။ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်............

2 comments:

Unknown said...

mama..
actually i just tried to take the train only one time to Mandalay and since at that time, i was so fed up for a long way to arrive Mandalay.finally i decided not to take the train anymore. the roads are so bad.they should try to improve in everything, including the roads, facilities and others too.
meelay.....i don't know what comments shall i give more..:P

Thein Min Htike said...

မကြီးပါချူး အကြံကောင်းတယ်ဗျာ...။

နံပါတ် ၁ အတွက်........

မကြီး က ဘယ်လိုမျိုး ရထားတွေနဲ့ အစားထိုးမှုတွေ လုပ်ချင်တာလဲ ဗျ..။

နံပါတ် ၂ အတွက်.....

ကောင်းတယ်ဗျာ....။ ဆင်ဆာတွေ အများကြီးသုံးပြီး ထိရောက်တိကျ တဲ့ အချက်ပြ စနစ် က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ငွေအရင်းအမြစ်၊ နည်းပညာ အရင်းအမြစ် နဲ့ ပညာရှင် အရင်းအမြစ်တွေ လိုမယ်ဗျာ.....။

နံပါတ် ၃ အတွက်.....
မရှိမဖြစ်လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် လှပပြီး ဆွဲဆောင်မှု ရှိတဲ့ ဗိသုကာ လက်ရာမြောက်ဘူတာ တွေ တည်ဆောက် နိုင်ရင် ပိုကောင်းမယ်ဗျာ.။ ခရီးသည်များစွာ အချိန်တိုအတွင်း ကူလူးစေနိုင်တဲ့၊ ရထားများစွာ အချိန်တိုအတွင်း ရှောင်လွှဲ၊ရပ်နား၊ ခုတ်မောင်းနိုင် အောင် လည်း စီစဉ်ထားရမယ် ထင်တယ်။

နံပါတ် ၄ အတွက်.....

သိပ်ကို အရေးပါပါတယ်။ ခရီးသွားတွေ သက်တောင့်သက်သာ ဖြစ်စေဖို့ အရေးကြီးဆုံးက ရထားလမ်း တွေရဲ့ တုန်ခါမှုကို အဓိက ထား လျှော့ချရပါမယ်။ ရေရှည်ခံမယ့်၊ တခြား ယာဉ်သွားယာဉ်လားကို အနှောင့်အယှက် မဖြစ်စေနိုင်တဲ့ မိုးပျံ သို့ မြေအောက် ရထားလမ်းတွေ လုပ်နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။

နံပါတ် ၅ အတွက်က...
ရထားခတွေကို လျှော့ချ နိုင်အောင် ဆီစားနှုန်း နည်းတဲ့ အင်ဂျင်တွေ သုံးသင့်တယ် ထင်ပါတယ်။ ခရီးသွားများ နဲ့ ရထား အတင်အချ ကြာချိန် လျှော့ချ ဖို့ ရထားခတွေကို အကွာအဝေး အရ ဆင်ဆာ နဲ့ ကဒ်ဖြတ်တဲ့ စနစ် ကို သုံးသင့်ပါတယ်။

ဒါအပြင် မြို့နေလူထု ကို ရထားစီးချင်လာအောင် ရထားခရီးသွား နဲ့ ပတ်သက်တာတွေကို လှပ၊ဆွဲဆောင်မှု ရှိပြီး အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာ သွားလာနိုင်အောင် စီစဉ်ထားသင့်ပါတယ်။

ခုလို လုပ်ဆောင်နိုင်ဖို့ အားလုံး ပြိုင်တူ ကြိုးစားဖို့လိုပါတယ်။

မကြီးရဲ့ ကောင်းမွန် တဲ့ အကြံဥာဏ်လေးကို အကောင်အထည် ဘယ်အချိန် ဖော်နိုင်ကြမလဲဗျာ.......။