Tuesday, December 2, 2008

အညာဆောင်း

နှင်းငွေ့တွေ ပက်ဖျန်းတဲ့
အေးချမ်းတဲ့ ဆောင်းတစ်ည
အနွေးဓါတ် လုံခြုံဖို့
လေမ၀င် ဟာပေါက်မရှိအောင်
ပက်လက်ကလေး အသာလှန်
ဂွမ်းဆောင်နဲ့ လူကိုလုံးထား။

ပူလာတဲ့ ကျောပြင်ကြောင့်
ကွေးတင်ကာ တစ်စောင်းလေး
လွတ်သွားတဲ့ ခါးပိုင်းက
တိုးလာတဲ့ အအေးဓါတ်ရယ်
အိပ်ချင်စိတ် ပျက်သွား

ဟင်.........
အေးစမ်းဟဲ့ ဒီအညာဆောင်း။

3 comments:

Welcome said...

အအေးတွေ ကူးစက်သွားပါတယ်..

http://winzaw-mdy.blogspot.com

လင်းဒီပ said...

ရောက်ဖူးချင်တယ် အညာဆောင်း..

magyi-parchuu said...

လင်းဒီပရေ အညာဆောင်းက ပက်ပက်စက်စက် အေးတယ်ဟ ချစ်စရာ ကောင်းဘူးနော်