Tuesday, September 2, 2008

အဖြူရောင် နေရာလေး

ပျော်စရာ မှန်သမျှ

ကိုယ့်ရင်ခွင်မှ ယူသွားလိုက်ပါ

ကိုယ်ကျေနပ်စွာ ပေးလိုက်ပါ့မယ်။


ပူပင်စရာ မှန်သမျှ

ကိုယ့်ရင်ခွင်မှာ ထားခဲ့လိုက်ပါ

ကိုယ်ကျေနပ်စွာ ခံယူပါ့မယ်။


မယုံဘူးလား............

ကိုယ့်ရင်ခွင်ထဲ ၀င်ကြည့်လိုက်ပါ

မင်းအတွက် အဦးဆုံးနေရာလေးဟာ

အဖြူရောင်ကလေးပါကွယ်။

2 comments:

အရိပ် said...

မကြီးရေ...ချစ်သုဝေလား ?????

Anonymous said...

အဖြူ ရောင်ဆိုတော့ အပေမခံ ဘူးပေါ့ဗျာ. အမြဲတမ်း ဖြူစင်အောင် ထိန်းသိမ်း နိုင်ပါစေဗျာ။