Monday, September 22, 2008

လုပ်လိုက်ဟေ့

မနက်စောစော အိပ်ရာထဲ
အချိန်တန်လို့ နိုးနေပေမဲ့
လူကတော့ မထနိုင်
ဆက်အိပ်ချင်သေးတယ်ကွာ....

အိပ်ဖို့ရာ ခွင့်မပြုတော့
လူကသာ ကုန်းရုန်းထ
ခေါင်း ကြီးက ကျန်နေခဲ့
မဖြစ်သေးပါဘူး....

အားခဲကာ ထလိုက်ဦးမှ
တစ်နေ့တာ လှုပ်ရှားဖို့
အားမွေးအုံးမှ။

ပျော်ရွှင်စရာ ၀မ်းနဲစရာ
စိတ်တိုစရာ စိတ်ပေါ့ပါးစွာ
အလုပ်တစ်ခု အဆင်ပြေအောင်
အကွက်စေ့အောင် စဉ်းစားရင်း
တစ်စက်မှ မနားတဲ့ဒီစိတ်
ခန္ဓာထက် ပိုလှုပ်ရှားရ။

ထိုးပြီလား လေးနာရီ
နာရီကို တစ်ချက်ကြည့်ဖို့
အချိန်တောင် မရခဲ့ပဲ
ပင်ပန်းစွာ ဖြတ်သန်းခဲ့ရ။

တစ်ပတ်ရဲ့ နောက်ဆုံးရက်
သောကြာနေ့ ရောက်ရင်ဖြင့်
နားရမယ် ထိုအသိနဲ့
အားတင်းကာ ထားသော်လည်း
လျှော်စရာ အ၀တ်တစ်ပုံ
မီးပူတိုက်စရာ အထုတ်တစ်ခု
တစ်ပါတ်စာ ၀ယ်ခြမ်းဦး။

အော်........ လူ့ဘ၀ရယ်
အကောင်းဆုံး ဖြစ်ချင်နေတဲ့
ဒီစိတ်ကလေး ကျေနပ်အောင်
ရုန်းကန်လို့ အားတင်းကာ
လုပ်လိုက်ပေဦး........။

3 comments:

Anonymous said...

မကြီး ကဗျာလေးက ကျွန်တော်တို့ ဘဝနဲ့ အတူတူပဲ။ မနက်စောစော မထချင်လဲ ရုံးတက်ဖို့ ထရတယ်။ ချက်ရတယ်။ ရုံးရောက်ပြန်တော့ မလုပ်ချင်လဲ လုပ်ရ။ အဆောင် ပြန်ရောက် တော့လည်း ညနေစာ ချက်ရ။ တစ်နေ့လုံး ရှုပ်နေတဲ့ အလုပ်တွေ ညအိပ်မှဘဲ နားရတယ်။ ရုံးပိတ်ရက်ကျတော့လည်း မကြီးပြော သလို ကိုယ်ဝတ်ထားသမျှ တစ်ပတ်စာ အဝတ်တွေ လျှော်ရ ဖွတ်ရနဲ့ မအား။ အားလို့ အပြင်ထွက်မယ် ကြံလည်း ရုံးကနေ ဖုန်းဆက်ပြီး Overtime ခေါ်ခံ ရတဲ့ အဖြစ်က ရှိသေးတယ်။ ဒါပေမယ့်လည်း အဲဒီလို ဘဝကို ဖြတ်သန်း နေရလို့ဘဲ အသက် ဆက်လက် ရှင်သန်လိုတာ ဖြစ်ပါမယ်။ မဟုတ်ရင် ပြင်းစရာ ကောင်းလို့ လူ့ဘဝ နေချင်မှာ မဟုတ် တော့ဘူးထင်ပါတယ်။ (ဟုတ်လားတော့ မသိဘူး စိတ်ထဲ ရှိတာ ဝင်ရေးလိုက်တာ...ဟီး...)

magyi-parchuu said...

ကျားလေးရယ်.... အလုပ်ဆိုတာ မရှိလွန်းရင်လည်း မကောင်းဘူး ရှိလွန်းရင်လည်း မကောင်းဘူးဟ....... ကိုယ်ပိုင်အချိန်ကလေး ရှိပြီး ကိုယ်ဝါသနာ ပါတာလေးကိုလည်း လုပ်ခွင့်ရမယ်ဆိုရင် ပျော်စရာ ဘ၀လေး တစ်ခုလို့ မကြီး ထင်တယ်လေ။

Welcome said...

မင်္ဂလာပါ၊
ကြုံဆုံနေရမယ့် ဘ၀တစ်နေ့တာ ဘယ်တော့ကုန်ဆုံးမယ် ဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပေမယ့် ဖြစ်ချင်တာထက် ဖြင့်သင့်တာကို ဦးစားပေး ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝ သေးသေးလေးကို ကဗျာနဲ့ ပုံဖော်ပေးတဲ့အတွက် ကျေနပ်စွာ ဖတ်မှတ်သွားပါတယ်။
လေးစားလျက်
ဝင်းဇော်
http://winzaw-mdy.blogspot.com