Monday, September 15, 2008

အိပ်ပျော်ချင်သူ

သမီးမလေး အိပ်ချင်နေပြီ

မိတ္ထီလာ ကန်တော်အောက်က

ဖားကောက်တဲ့ တေးလေးကို

ဖွဲ့သီကာ ဆိုပြခဲ့ပြီး

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချိန်တန်ပြီ

ခြေတံရှည် ဗျိုင်းကလေးက

မြူးတူးကာ ပျံလို့ပြေးကြောင်း

တေးဆိုကာ သီကုံးလို့။

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချင်သူပါ

ခိုဖြူ ခိုပြာ ခိုနက်တို့ရဲ့

ဟိုဒီပျံလို့ အဖမ်းခက်ကြောင်း

သီကြူးကာ တေးသံလေးနဲ့

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


ညတာရှည် မှောင်မိုက်ထဲ

လူးလှိမ့်ကာ ဘယ်ညာစောင်းလို့

နွေးထွေးတဲ့ မေတ္တာရိပ်မှာ

သမီးမလေး တစ်ရေးအိပ်ဖို့

သိပ်ပေးပါလား ဒို့မေမေရယ်..........။

2 comments:

magyi-parchuu said...

Jorge said...
Hello friend: it wanted invitarte that you visit blog that I am making with my students of second year of the secondary one on the DISCRIMINATION.
http://nodiscrimine.blogspot.com
arduous and interesting Subject.
Surely it will be of your affability.
We invited to you that you read what pleases of him and makes an opinion on he himself.
Its contribution will be valuable.
In blog it will find a translator of the page in several languages if he needs it.
A hug from Argentina.

magyi-parchuu said...

welcome jorge....... I will also visit your blog soon.