Thursday, August 21, 2008

ဒို့နှစ်ယောက်

ဒို့နှစ်ယောက် စိတ်တူကြရင်
ခရောင်းလမ်းကိုလည်း ဖြတ်
ပန်းခင်းလမ်းကိုလည်း နင်း
ပျော်စရာ ဘ၀ကြီးကို
လက်တွဲကာ ကြည်နူးလို့
တည်ဆောက်ကြမယ်။

ဒို့နှစ်ယောက် စိတ်တူကြရင်
မာနတွေ အပြိုင်ထား
သုံးနဲ့ လေးလို ကျောပေး
နောက်ပြန်လှည့် မကြည့်စတမ်း
ကျောခိုင်းလို့ သွားကြမယ်။

ဒို့နှစ်ယောက် စိတ်တူကြရင်
ဘာမဆို အတူတူ
နှစ်ဦးသဘောတူ လုပ်လို့ရတယ်။

3 comments:

အရိပ် said...

မကြီးရာ.. ၃ နဲ့ ၄ လိုတော့ ကျောခိုင်းမသွားပါနဲ့ နော်... ၄ နဲ့ ၅ လို မျက်နှာချင်းဆိုင်နေနော်..ဟဲဟဲ

အနတ္တ said...
This comment has been removed by the author.
အနတ္တ said...

အရိပ်ရေ....
၎ နဲ့ ၅ လို မျက်နှာချင်းဆိုင်ခိုင်ထားလို့ တော်သေးတာပေါ့နော်..... ၄ နဲ့ ၃ လိုမျက်နှာချင်းဆိုင် ထားလိုက်ရင် (၄၃) တော့ ဘယ်လိုတွေ ဖြစ်လာမလဲ မသိဘူးနော်.......

မကြီးတို့နှစ်ယောက် စိတ်တူပြီး နှစ်ဦးသဘောတူ ဘာမဆို လုပ်နိုင်ပါစေ.........