Friday, August 27, 2010

သူငယ်ချင်း

မေတ္တာစိတ်ဖြင့် ရင်းနှီးခင်မင်
ကမ္ဘာတလွှား ဖြစ်ပျက်အကြောင်း
အသိဖလှယ် အမြင်ကြွယ်စို့.......

ဝမ်းနည်းချိန်မှာ အားပေးစကား
ဖေးမပြောဆို ထပ်တူခံစား
ဝမ်းသာချိန်မှာ ထပ်တူမျှလို့
်ကြည်နူးရင်မှာ ပျော်ရွှင်မှာ.....

ဒီနေရာလေး တွေ့ကြချိန်မှာ
မိတ်ဆွေအပေါင်း သူငယ်ချင်းတို့
တွေ့ကြ ဆုံကြ ပျော်ရွှင်ကြ

Friday, August 20, 2010

ခရေ

ပင်ယံထက် ပန်းခရေ
ပွင့်ချိန်ကြာ တရက်တည်း
ပင်မြင့်က ပွင့်သေးငယ်
လှမ်းချူဘို့ ခက်ခဲ။

ပန်းကောက်သူ ပျိုမေအတွက်
အပင်ပေါ် သူမနွမ်းရက်
ပွင့်လန်းခြေ မြေခပေးလို့
မွှေးကြူလို့သင်း။

Tuesday, August 10, 2010

နှုတ်ဆက်ပါတယ်

သူငယ်ချင်းအပေါင်းတို့ရေ........ မကြီး ဘလောဂ်ကို မ၀င်နိုင်ချိန်မှာ အမှတ်တရ လာရောက်လည်ပတ်ကြတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ မကြီး အချိန်မရလို့ မ၀င်နိုင်တာပါ........ အခုတော့ မကြီး အချိန်ရရင် ရသလို ဒီဘလောဂ်လေးကို ၀င်ရေးဖြစ်ပါ့မယ်.... အားလုံးကို ကျေးဇူးတင်ပါတယ်။