Tuesday, August 19, 2008

ဘ၀ဖြစ်အင်

ဘယ်အရာမဆို ပုံသေချမရ
ပုံစံတစ်ကျ ဖြစ်အောင်
စိတ်ထဲမှာ အကွက်ချလည်း
လုပ်လိုက်ရတဲ့ လက်တွေ့က
ပြောင်းပြန်။

ကြိုတင်ကာ ဘာမှမစဉ်းစား
ဖြစ်ကာမှ ဖြစ်လေရော
ဇွတ်တိုးကာ လုပ်လိုက်မှ
တည့်သွားသေးတယ်။

လူ့ဘ၀ ဇတ်ခုံမှာ
စည်းမျဉ်းတွေ ဘောင်တွေကြား
အံဝင်အောင် တွန်းထိုးလို့
မျက်စေ့ကို ရှင်ရှင်ထား
ဦးနှောက်ကို အနားမပေးဘဲ
မနဲနေရ။

ဖြစ်ချင်တဲ့ ဘ၀ရယ်
ဖြစ်သင့်နေတဲ့ ဘ၀ရယ်
ဒီနှစ်ခုကြား ဗျာများရတဲ့
ပါချူးရဲ့ ဖြစ်အင်။

3 comments:

Anonymous said...

မကြီး.. ဖြစ်သင့် တာနဲ့ ဖြစ်ချင် တာတွေ ကြားမှာ ဗျာများ နေတဲ့ မကြီး ဖြစ်လာတာတွေဟာ ဖြစ်ချင် တာတွေ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

အရိပ် said...

နောင်အနာဂတ်ကာလတွေမှာ ဆန္ဒနဲ့ဘ၀တထပ်တည်းကျနိုင်ပါစေ မကြီး......

magyi-parchuu said...

ကျေးဇူးပါ ကျားလေး....... မကြီးလည်း ဖြစ်လာတာတွေကို ဖြစ်ချင်တာတွေ အဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားပါ့မယ်။

အရိပ်ရေ....... ကျေးဇူးပါ။