ရုပ်ချောသလား
ထူးခြားပြီး ထွက်မလာတဲ့
ရွက်ကြမ်းရေချို။
ပညာတော်သလား
လူတိုင်းနဲ့ တန်းတူ
မထင်ရှားခဲ့။
ပိုက်ဆံရှိလား
ကိုယ့်အတွက် မလိုအပ်ခဲ့
စိတ်မ၀င်စားတဲ့ တစ်ချက်။
..................
..................
.................
အချက်ပေါင်း များစွာ
ငါ့ဦးနှောက်မှာ ဗလာကျင်း
ထည့်မတွက်ခဲ့။
ဒါပေမဲ့ ငါ့ရင်မှာ
နင့်ကို ချစ်တဲ့အချစ်တွေ
ပိုင်စိုးစွာ ယူထားတဲ့
နေရာအားလုံး ပြည့်နေပြီ။
Wednesday, September 17, 2008
Subscribe to:
Post Comments (Atom)
2 comments:
အချစ်တွေ ပြည့်နေတဲ့ မကြီး အသည်း အမြဲတမ်း ချစ်နေနိုင်ပါစေ...
ကျေးဇူးပါ ကျားလေးရေ။
Post a Comment