Tuesday, November 25, 2008

ပြေပါတော့

အေးချမ်းတဲ့ မြောက်လေပြန်
ကတ်ပေါက်ကြားက တသွင်သွင်
လူးလွန့်ကာ တိုးဝင်လာခဲ့
အေးတာကို အန်တုဖို့
ဂွမ်းဆောင်ကို ဆွဲခြုံလိုက်ရ။

အတွေးတွေ တောင်မြောက်ရောက်
ရှေ့ရေးကို မျှော်ကာမောနေ
လက်ရှိကို စိတ်မကြိုက်
နဖူးပေါ်လက်တင်ပြီး
သက်ပြင်းတွေ အခါခါချ။

ဝဋ်ကြွေးရယ် ပြေပါတော့
ဘ၀မှာ ဒီအချိန်ဆပ်နေတာ
အပြီးပဲ ဖြစ်ပါစေတော့။

1 comment:

Welcome said...

အတွေးကောင်း၊ အရေးကောင်းတဲ့ စာတွေ၊ ကဗျာတွေ အမြဲပဲ လာဖတ်ဖြစ်ပါတယ်အစ်မ။
သောကကင်းဝေးလို့
ပျော်ရွှင်အေးချမ်းနိုင်ပါစေဗျာ

လေးစားလျက်
http://winzaw-mdy.blogspot.com