Tuesday, July 8, 2008

ဘဝ

တွေ့ကြုံဘ၀ ရင်ဆိုင်ဘို့ရာ
အာမာန်အပြည့် ထွန်းလင်းပေးတဲ့
ဖေဖေ့မျက်နှာ နေမင်းပမာ။
သနားညှာတာ ခွင့်လွှတ်သည်းခံ
ငြင်သာနူးညံ့ အေးမြအပြုံးနဲ့
မေမေ့မျက်နှာ လမင်းပမာ။
ဘ၀တစ်ခု ရပ်တည်ဘို့ရာ
မနားရအောင် လှုပ်ရှားရုန်းကန်
ပင်ပန်းကြီးစွာ လျှောက်လှမ်းနေ၍
မိုးသားတိမ်ညို ဖုံးအုပ်သလို
နေမင်း လမင်း အလင်းရောင်လည်း
အမှောင်တိကျ မမြင်ရတဲ့
ရက်လတို့လည်း ကြာနေဘီ။

No comments: