Wednesday, August 27, 2008

မိုး

မိုးရေဖွေးဖွေး

အေးအေးထဲမှာ

နှစ်ယောက်အတူ

ထီးတစ်ချောင်းနဲ့

ကမ္ဘာတစ်ခု

တည်ဆောက်ခဲ့တဲ့

ခဏတာလေး

အချိန်လေးကို

တစ်သက်စာတမ်း

မှန်းဆလို့လွမ်း

ဖြစ်ဘို့ဆိုတာ

သိခဲ့ရင်လေ.......

မိုးတွေရွာတိုင်း

ထင်မိစိတ်မှာ

အလွမ်းမိုးတို့

ရင်ထဲသဲသဲ

ရွှဲရွှဲနစ်အောင်

မွှန်းကြပ်နှလုံးသား

မ၀အသက်ရှူ

မျှင်းမျှင်းအသက်နဲ့

ဆက်မိနေပြီ.......

No comments: