Thursday, June 5, 2008

ဘ၀နဲ့ ပတ်သက်သော လောကအမြင်

ဒီတစ်လ the light မဂ္ဂဇင်း ကနေ ဦးသန်းထွတ် (ပါမောက္ခ-ငြိမ်း) ရေးသားတဲ့ မာသာထရီဆာရဲ့ ဘ၀နှင့် ပတ်သက်တဲ့ လောကအမြင်များကို ဖေါ်ပြထားတာ ဖတ်လိုက်ရပါတယ်။ သူငယ်ချင်းများကို ထပ်ဆင့် မျှဝေပေးလိုက် ပါတယ်။ ဆရာ ဦးသန်းထွတ်အား ဒီနေရာမှ ကျေးဇူးအထူးတင်ရှိပါသည်။

" Life is beauty, admire it."
ဘ၀ ဆိုသည်မှာ အလှ ဖြစ်သည်။ ဘ၀ကို မြတ်နိုးပါ။
"Life is a song, sing it."
ဘ၀ ဆိုသည်မှာ တေးတစ်ပုဒ်ပင်ဖြစ်သည်။ ဘ၀ တေးကို သီဆိုကြပါ။
"Life is a game, play it."
ဘ၀ ဆိုသည်မှာ အားကစားတစ်ခုပင်ဖြစ်သည်။ ယှဉ်ပြိုင် ကစားလိုက်ပါ။
"Life is a dream, realize it."
ဘ၀ ဆိုသည်မှာ အိမ်မက်ပမာ ဖြစ်ပါသည်။ စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်လိုက်စမ်းပါ။
"Life is an adventure, dare it."
ဘ၀ ဆိုသည်မှာ စွန့်စားခန်း တစ်ခုဖြစ်သည်။ သတ္တိ ရှိရှိ စွန့်စားလိုက်စမ်းပါ။
"Life is a duty, complete it."
ဘ၀ ဆိုသည်မှာ တာဝန် ၀တ္တရား တစ်ခု ဖြစ်ပါသည်။ တာဝန် ကျေပါစေ။
"Life is a promise, fulfil it."
ဘ၀ ဆိုသည်မှာ ကတိသစ္စာ၊ ကတိတည်ပါစေ။
"Life is an opportunity, benefit from it."
ဘ၀ ဆိုသည် ရခဲသော အခွင့်အလမ်း တစ်ခု ဖြစ်သည်။ အကျိုးရှိအောင် နေပါ။
"Life is luck, make it."
ဘ၀ ဆိုသည် ကံကြမ္မာ၊ ကံကောင်းအောင် ကြိုးစားပါ။
"Life is a struggle, confront it."
ဘ၀ ဆိုသည်မှာ ရုန်းကန် လှုပ်ရှားမှု တစ်ခုဖြစ်သည်။ ရင်ဆိုင်လိုက်ပါ။
"Life is a sorrow, overcome it."
ဘ၀ ဆိုသည်မှာ ကြေကွဲ ၀မ်းနည်းခြင်း ဖြစ်သည်။ ကြေကွဲ ၀မ်းနဲမှုကို အနိုင်ယူနိုင်ပါစေ။
"Life is a tragedy, accept it."
ဘ၀ ဆိုသည်မှာ အလွမ်းဖြစ်သည်။ အလွမ်းဇတ်ကို နိုင်အောင် ကပါ။
"Life is life, fight for it."
ဘ၀ ဆိုသည်မှာ ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။ ဘ၀ တိုက်ပွဲ ဆင်နွဲပါ။
"Life is too precious, do not destroy it."
ဘ၀ ဟူသည် တန်ဘိုးရှိလှသည်။ ဘ၀ကို မဖျက်ဆီးပါနှင့်။

1 comment:

အရိပ် said...

မကြီးရေ... ဘ၀နဲ့ပတ်သက်တဲ့ ရဿမျိုးစုံကို ခံစားသွားပါတယ်..