Monday, July 7, 2008

မမေးလိုက်ပါနဲ့

ဘယ်သွားနေလဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါ ဘယ်ကို သွားခဲ့ဘူးလဲ။
ဘာလုပ်နေလဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါ ဘာကို လုပ်ခဲ့ဘူးလဲ။
ဘယ်လောက်ချစ်လဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါလုပ်ခဲ့တာ
နင့်ထက်ပိုလို့
ချစ်တာတတ်တာလေး
တစ်ခုထဲပါ။

2 comments:

Anonymous said...

မကြီက သူကို အရမ်းချစ်တယ်ထင်တယ်။ သက်ဆိုင် သူအနေနဲ့တော့ အတော် ၀မ်းသာမှာဘဲ။ ဆက်လက် ချစ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Angel Win said...

no love,no hope
(အချစ်မရှိ မျှော်လင့်ချက်မရှိ)