Monday, September 15, 2008

ဆန္ဒ

အတိတ်မှာ ဖြစ်ခဲ့သမျှအားလုံး
တစ်စက္ကန့်ရဲ့ ဟိုဘက်ထိ
ချန်ထားခဲ့လိုက်ပါ
ရတယ်.......

ကိုယ့်ရင်ထဲက အချစ်ကို
အခုချိန်မှာ မင်းလက်ခံရင်
ကြည်နူးပျော်ရွှင်နေမှာ
ငါပါ.......

လက်မခံနိုင်လို့ ထွက်သွားရင်လည်း
တံခါးခေါက်ကာ အသိမပေးခဲ့ပါနဲ့
ဖြေးဖြေးလေး တိတ်ဆိတ်စွာ
ကျန်နေခဲ့ ပါရစေ..........

No comments: