Tuesday, December 23, 2008

အလွမ်း

အခုတစ်လော ဆူးပန်းရွက်ကလေးကို မြင်လိုက်တာနဲ့ မေမေ့ကို အရမ်းသတိရ နေမိတယ်။ ဆူးပန်းရွက် ဆိုတာ ဆလတ်ပင် အရွယ်ပဲရှိပြီး အရွက် ရှည်ရှည်လေးတွေနဲ့ နူးညံ့တယ်။ ပါချူးတို့ ငယ်ငယ် ၅-၆နှစ် အရွယ်လောက်က ဘုတလင်မှာ ဆူးပန်းရွက် မရှိဘူး။ မုံရွာကနေ ဘုရားပန်း လာရောင်းတဲ့ ဈေးသည်တွေကို မှာပြီး ချက်ကြွေးခဲ့တာကို အခုချိန်ထိ သတိရနေတုံးပဲ။ ဆူးပန်းရွက်က ဆောင်းခါမှာပဲ ပေါ်တဲ့ ဟင်းရွက် တစ်မျိုးပါ။ ငါးရံ့ကလေးကို အညာထွက် တောခရမ်းချဉ်သီး၊ မန်ကျည်းသီး အစိမ်းလေးနဲ့ နံနံပင်လေးခတ်ပြီး ဆူးပန်းရွက် ချဉ်ရေ ချက်ပေး ခဲ့တယ်။ ပဲပွပြုတ် ကလေးကို ကြက်သွန်စိမ်းလေး ဆီဆားလေးနဲ့နယ်၊ ငရုပ်သီးထောင်းလေး နဲ့ဆို ခေါင်းမဖေါ်နိုင်အောင် လွှေးပေရောပဲ။ အခုတော့ ဆူးပန်းရွက်က နေရာ တော်တော် များများမှာ စိုက်နေ ကြပြီဆိုတော့ ပေါနေပါပြီ။ မနေ့ကမှ သိလိုက်ရတဲ့ ဆူးပန်းရွက်ကို နောက်ထပ်လုပ်စားလို့ ရတဲ့ နည်းကတော့ ရေနွေးလေး ဖျောပြီး ဆီချက်၊ မြေပဲထောင်းလေးနဲ့ သုတ်စားတာတဲ့။ ပါချူးလည်း တစ်ခါလောက်တော့ လုပ်စား ကြည့်ဖြစ်လိုက်ဦးမယ်။ မေမေလည်း ဒီအချိန်မှာ ဆူးပန်းရွက် ချဉ်ရေဟင်းများ ချက်စားနေပြီလားလို့ သတိရမိတယ်။ အညာအစား အစာထဲမှာ မေမေကြိုက်တာဆိုလို့ ဒီဆူးပန်းးရွက်ပဲ ရှိတာလေ။ နောက်ဆက်တွဲ တသိရလိုက် မိတာက မေမေရော ဖေဖေရော ကျန်းမာရေး ကောင်းရဲ့လားလို့။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိနေနိုင်ကြပါစေ ဖေဖေနဲ့ မေမေ......................

2 comments:

Nyo Pyar Nyet said...

မကြီးရေ....ယဉ်လည်း ဆူးပန်းရွက်ချဉ်ရေကြိုက်တယ်။
ယဉ်တို့ အမေကဟင်းချက်မကောင်းဘူး။ အဖေချက်ရင်တော့ ရှယ်ပဲ။ အိမ်ကိုလွမ်းနေတဲ့အချိန်မှာ
မကြီးရဲ့ ဆူးအန်းရွက်ဟင်းလေးလာစားသွားပါတယ်။

magyi-parchuu said...

အ၀ စားသွားပါ ညီမရေ.......