Wednesday, November 26, 2008

ထာဝရ

လောင်းလိုက်စမ်းပါ

သစ္စာမဲ့ အဆိပ်ရည်

ပျက်စီးသွားမယ် ထင်သလား။


ညှပ်ပစ်လိုက်စမ်းပါ

ဥပက္ခာ ကတ်ကြေးနဲ့

ပြတ်ထွက်ဖို့ဝေးသေး။


ကော်ထုတ်ပစ်လိုက်စမ်းပါ

အမုန်း ဘိုဒိုဇာနဲ့

ရွေ့ဘို့တောင် ခတ်ခက်ခက်။


ကောင်လေးရေ----

အချစ်ဆိုတာ ဘယ်တော့မှ

သတ်လို့ မသေတဲ့

အသက် တစ်ချောင်းဆိုတာ

မင်းမသိသေးလို့ပါ။

No comments: