Tuesday, October 8, 2013

အကြောင်းကြောင့် အကျိုး


မကောင်းတဲ့သူတွေနဲ့ တွေ့ရတာဟာ ကိုယ်တစ်ချိန်က မကောင်းခဲ့လို့ပါ။
အကြောင်းမကောင်းခဲ့လို့ အကျိုးမကောင်းတာ သဘာဝတရားပါ။
ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ တူသော အကျိုးပေးတာပါ။
ဆရာတော် ဥုးသုမင်္ဂလ

မျှော်~~~~~~~


အတုံ့ပြီးရင် အလှည့်ဆိုတာ ရှိစမြဲပါ~~~~~~~~~~
ကျွန်မ အတုံ့အတွက် ပေးဆပ်နေတယ်~~~~~~~~
ကံကြမ္မာကြီးက ဖန်တီးပေးမယ့် အလှည့် ဆိုတာကိုလည်း
လက်ပိုက်ပြီး ခပ်ပြုံးပြုံး မျှော်လင့်နေမယ်~~~~~~~~~

Monday, September 16, 2013

ရင်ဆိုင်ပစ်လိုက်


ရှုံးတာကို ကြောက်နေရင် ဘယ်တော့မှ မအောင်မြင်ဘူး

ဆင်းရဲမှာကို ကြောက်နေရင် ဘယ်တော့မှ မချမ်းသာဘူး

ပေးဆပ်လိုက်ရမှာကို ကြောက်နေရင် ဘယ်တော့မှ မရတော့ဘူး

ဘ၀ဆိုတာ ခပ်ကြီးကြီး လောင်းကစားတစ်ခုပါပဲ

Wednesday, September 11, 2013

အသိ


ငိုနေတဲ့ အခါ ချော့မယ့်သူမရှိဘူး။
ငါ... မျက်ရည်သုတ်ပြီး ရီတတ်လာတယ်။

ကြောက်တဲ့အခါ အနားမှာ ဘယ်သူမှမရှိဘူး။
ငါ...သတ္တိရှိလာတယ်။

စိတ်ညစ်တဲ့အခါ မေးမယ့်သူ မရှိဘူး။
ငါ... ပျော်ရွှင်တတ်လာတယ်။

ပင်ပန်းတဲ့အခါ မှီစရာ ပုခုံးမရှိဘူး။
ငါ... တယေက်တည်းနေတတ်လာတယ်။