Friday, June 12, 2009
သူငယ်ချင်းတို့ရေ ............. ပါချူး ခရီးသွားစရာ ရှိနေလို့ပါ။ ဒီဘလော့ဂ် ရေးတာကို ခေတ္တ နားထားပါ့မယ်။ သူငယ်ချင်းအားလုံးကို နှုတ်ဆက်ပါတယ်။
Friday, May 15, 2009
အချိန်တိုင်း
နေပူချိန်မှာ အေးမြစေဖို့
အရိပ်တစ်ခု ဖြစ်ခွင့်ပြုပါ။
မိုးရွာချိန်မှာ မစိုစေဖို့
ထီးလေးတစ်ချောင်း ဖြစ်ခွင့်ပြုပါ။
ဆောင်းရာသီမှာ နွေးထွေးစေဖို့
အနွေးထည်လေး ဖြစ်ခွင့်ပြုပါ။
အချိန်တိုင်းမှာ သာယာစေဖို့
မင်းအနားမှာ နေခွင့်ပြုပါ။
အရိပ်တစ်ခု ဖြစ်ခွင့်ပြုပါ။
မိုးရွာချိန်မှာ မစိုစေဖို့
ထီးလေးတစ်ချောင်း ဖြစ်ခွင့်ပြုပါ။
ဆောင်းရာသီမှာ နွေးထွေးစေဖို့
အနွေးထည်လေး ဖြစ်ခွင့်ပြုပါ။
အချိန်တိုင်းမှာ သာယာစေဖို့
မင်းအနားမှာ နေခွင့်ပြုပါ။
Monday, May 11, 2009
ကုသိုလ် ယူကြရအောင်

သူငယ်ချင်းတို့ရေ.................
အညာမှာ နေ တော်တော် ပူနေတယ်.......... မနေ့ညက မိုးလေ၀သ သတင်းမှာ မုံရွာရဲ့ အပူချိန်က 45ံC တဲ့ ...... တစ်ခါမှ မကြားဘူးတဲ့ အပူပဲ။ ကလေးတွေ သက်ကြီးရွယ်အိုတွေ ဘယ်လိုများ နေကြပါ့။ အသက်ကြီးတဲ့ သူတွေက စကား ပြောတတ်လို့ တော်သေးတယ်..... စကား မပြောတတ်တဲ့ ကလေးတွေ အတွက် ပိုသနား မိပါတယ်။
ပါချူးတို့ ကျောင်းတက်ချိန်တုံးက မုံရွာ ဒီလောက်မပူ ပါဘူုး။ မြင်းမူလမ်း တောက်လျှောက်မှာ ရှိတဲ့ မန်ကျည်းပင်၊ ကုက္ကို ပင်ကြီး တွေနဲ့ အုပ်ဆိုင်းပြီး အေးနေတာပဲ။ နောက်ပိုင်း လမ်းချဲ့လို့ လှဲပစ်လိုက် ကတည်းက အပူချိန် ပိုမြင့် လာသလား ထင်ရတယ်။ အပူချိန် မြင့်တက် လာတာ အခြား အကြောင်းတွေ ကြောင့်လည်း ပါမှာပေါ့။ တိုက်တွေ၊ မှန်တွေ၊ သွပ်မိုးတွေ၊ စက်မှုလုပ်ငန်းတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ.......... ဒါတွေကနေလည်း အပူချိန်ကို ပိုမြင့်စေ တာလေ။ အော်.......... ဒါတွေကလည်း မရှိလို့မဖြစ်.......... နောက်ဆုံး လုပ်နိုင်တာက သစ်ပင်တွေ တနိုင်တပိုင် စိုက်ကြရမှပဲ ဖြစ်တော့မယ်လို့ ပါချူး ထင်တယ်။
သစ်ပင် စိုက်နိုင်ခြင်းရဲ့ အကျိုး ကျေးဇူးလေး တစ်ခု အကြောင်းကို ပြောပြချင်တယ်....... ပါချူး တို့ ဘုတလင်ရဲ့ အရှေ့ဘက်မှာ သဖန်းရွာဆိုတာ ရှိတယ်......... အဲဒီရွာက ကုန်းမြင့်လေးကို တဖြေးဖြေး တက်သွားရတာ။ လမ်းကလည်း မြေလမ်း။ အဲဒီမြေလမ်းကို သဲက ဖုန်းနေသေးတယ်။ စက်ဘီးနဲ့ ပါချူး သွားဘူးတယ် ........ တော်တော် လျှာထွက်အောင် နင်းရတဲ့ လမ်း....... သဲထဲများ စက်ဘီး နစ်သွားလို့ကတော့ ဆင်းပြီး တွန်းလိုက်ပေဦး......... ဒါပေမဲ့ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်လောက်ကမှ အဲဒီလမ်းဘေး ၀ဲယာကို ယူကလစ်ပင် တွေ တန်းစီပြီး စိုက်လိုက်တာ အရိပ်လည်းရတယ်။ လမ်းထဲမှာ ရှိနေတဲ့ သဲတွေလည်း မရှိတော့ဘူးလို့ သိရတယ်။ မြေကလေးကို မာလို့တဲ့.......... စက်ဘီးနင်းရတာ မြေမာပေါ်မှာ နင်းရသလိုပဲ အရိပ်ကလေး အေးအေးလေးနဲ့ အဆင်ကို ပြေနေတယ်လို့ သိရတယ်။
ဒါကြောင့်မို့ ........ သဘာဝ ပတ်ဝန်းကျင်ကို အဆင်ပြေပြေလေး ဖြစ်နိုင်ဘို့ မိမိတို့ တတ်နိုင်သလောက် ....... ရောက်တဲ့ နေရာမှာ သစ်ပင်ကလေးတွေ စိုက်ကြရင်း ကုသိုလ်တစ်ခု ယူပေးကြပါလို့ ........ သူငယ်ချင်းတို့ကို ပါချူး တိုက်တွန်းချင်ပါတယ်။
Sunday, May 10, 2009
ဘွန်ဆိုင်း နှလုံးသား
Sunday, May 3, 2009
ရင်တွင်း
Saturday, April 25, 2009

သူငယ်ချင်းတို့ရေ .........အညာမှာ တော်တော် ပူနေတယ်......... 40C လောက်ကတော့ အေးအေးဆေးဆေး ကျော်နေလောက်ပြီ။ ပူလွန်းလို့ ရေပဲသောက်ပြီး ဗိုက်ကားနေရတယ် ဘာမှလည်း စားချင်စိတ်မရှိ ဘာမှကို လုပ်ချင်စိတ် မရှိဘူး ဖြစ်နေတယ်။ ပါချူးလည်း ပို့စ် တင်စရာတွေ ရှိနေတယ် ဓါတ်ပုံတွေကို အဆင်ပြေအောင် ပြန်ပြင်ဘို့ကို ပူလွန်းလို့ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်.............. ရာသီဥတု ပူသလို အလုပ်ကြောင့် ခေါင်းတွေလည်း ပူနေလို့ ..... နောက်များမှ ပို့စ် တင်ပေးမယ်နော်။
အတူတူ

ဟိုး.....ရှေ့မှာ ရောင်နီလာပြီ
နံနက်တစ်ခုရဲ့ အလင်းရောင်ဖြစ်သလို
ဘ၀တစ်ခုရဲ့ တိုက်ပွဲအစလည်းဟုတ်တယ်။
တဖြည်းဖြည်း နေမြင့်လာလေ
အပူချိန် ပိုပြင်းလာသလို
ဘ၀တိုက်ပွဲကလည်း တဖြည်းဖြည်းပြင်းထန်လာတယ်။
တောင်စွယ်မှာ နေညိုတော့
အပူတွေ ဘယ်ဆီရောက်သွား
ပျော်ရွှင်စွာ အေးချမ်းလို့
ဘ၀အတွက် အနားယူချိန်လေး တစ်ခုပေါ့။
ဒါတွေရဲ့ ၀ဲဂယက်ထဲမှာ
တို့နှစ်ယောက် လက်တွဲမဖြုတ်
ယုံကြည့်မှု အားမာန်အပြည့်နဲ့
ရင်ဆိုင်ကာ ရုန်းကန်ရင်း
အနားယူ ပျော်ရွှင်ရင်းနဲ့
နောက်လာမည့် နေ့သစ်တိုင်းအတွက်
ဘ၀သံသရာ လည်ကြဦးစို့..........။
Monday, March 23, 2009
ပို့မေတ္တာ

အနတ္တနှင့် အရိပ်
မောင်ငယ်နှင့် ညီမငယ်
ရက်မြတ်မှာ တူလက်တွဲလို့
မင်္ဂလာ အခမ်းအနား
စီစဉ်ကာ ကျင်းပ
တူနှစ်ကိုယ် စိတ်တူမျှလို့
လက်တွဲကာ ဘ၀တစ်သက်
စိတ်ချမ်းသာ ကိုယ်ကျန်းမာစေ
ဘေးရန်အပေါင်း ဝေးကွာစေ
တစ်သက်အတူ ပေါင်းဖက်နိုင်စေ
ဆထက်ပိုလို့ အချစ်တိုးနိုင်ကြစေ
ဘ၀လမ်းခရီး ဖြောင့်ဖြူး သာယာစေ
အခက်အခဲဟူသမျှ မြူမှုံမျှလောက်
မရှိကင်းစင် အဆင်ပြေ အေးချမ်းစေကြောင်း
မကြီးမေတ္တာ ပေးဝေဖြာ၏။
Subscribe to:
Posts (Atom)

