Sunday, December 28, 2008

ဆောင်းတစ်ည

အေးချမ်းတဲ့ ဆောင်းတစ်ည
ကွေးနေဖို့တော့ မစဉ်းစားနဲ့
နှစ်သစ်ကို ကြိုဆိုဖို့
မီးပုံပွဲ နွှဲလိုက်ရအောင်။

နှစ်သစ်ရဲ့ အလင်းရောင်ကို
ပျော်ရွင်စွာ ဒို့အတူတူ
လက်တွဲတွေ မဖြုတ်စတမ်း
လှမ်းလို့သာ ကြိုကြစို့။

တောင်းဆုတွေ ရင်မှာချွေ
သတ္တ၀ါအပေါင်း ငြိမ်းချမ်းဖို့
ဝေဖြာတဲ့ မေတ္တာမိုး
နှစ်သစ်မှာ သွန်းဖြိုးရအောင်။

No comments: