Thursday, November 29, 2007

အော်......... လောကကြီးရယ်

ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေက များနေတယ်။ ဖြစ်ခွင့်ရတာ လုပ်ခွင့်ရတာနဲ့ ဘယ်လိုမှ အဆင် မပြေဘူး။ အော်........ ကိုယ်ကဘဲ လောဘကြီးလွန်းနေပြန်တာလား။ လောကကြီးကဘဲ ဖြစ်ခွင့်မရတာလား။ စဉ်းစားကြည့်လေ ဆံပင်ဖြူလေဘဲ။ စဉ်းစားရမလားဆိုတာကို စဉ်းစားကြည့်လိုက်ဦးမယ်..........

2 comments:

အနတ္တ said...

မကြီးရေ…
ဖြစ်ခွင့်ရတဲ့အကြောင်းအရင်းတွေထဲမှာ ကိုယ်ဖြစ်ချင်တဲ့အကြောင်းပါတယ်မဟုတ်လား။ လုပ်ခွင့်ရတဲ့အကြောင်းအရာတွေထဲမှာလည်း ကိုယ်လုပ်ချင်တာတွေပါမှာပါ။ ဘယ်လိုမှ အဆင်မပြေစရာ မရှိတဲ့ နည်းလမ်းကတော့….. ဖြစ်ချင်တာ၊ လုပ်ချင်တာ တွေကို အရင်မသတ်မှတ်ဘဲ ဖြစ်ခွင့်ရတာကို ဖြစ်ချင်တာလို့၊ လုပ်ခွင့်ရတာကို လုပ်ချင်တာလို့ သတ်မှတ်လိုက်ရင် စိတ်အေးချမ်းမှုတော့ခံစားရမှာပဲလေ။ စိတ်အေးအေးချမ်းချမ်းနဲ့ သေသေချာချာ စဉ်းစားလုပ်ကိုင်ရင်လဲ လုပ်သမျှဖြစ်လာမှာပဲလေ။ လုပ်သမျှဖြစ်တာဟာလဲ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေ ပဲမဟုတ်လား။

magyi-parchuu said...

အေးပါ အနတ္တရယ် မင်းပြောသလို ဖြစ်အောင် နေကြည့်ပါ့မယ်... မကြီးဆံပင်မဖြူချင်သေးဘူးလေ........ ဟဲ..... ဟဲ