Wednesday, December 5, 2007

စိတ်ထဲမှာဘဲ

ပါချူး ရန်ကုန်မှာ ရွှေတိဂုံ ဘုရားကို ကုန်းတော်ပေါ်ထိတက်ပြီး မဖူးရသေးဘူး၊ ဆူးလေဘက်ကိုသွားရင်း လမ်းမ ပေါ်ကနေပီးဘဲ ဖူးနေရတယ် စိတ်ထဲမှာတော့ အရှေ့ဘက်မုဒ်ကနေ ကုန်းတော်ပေါ်တက် တစ်ဝက်လောက်မှာ ဓါတ်လှေခါးစီး (အသက်ကြီးတော့ အပေါ်ထိတန်းမတက်နိုင်တော့ဘူး ဟဲ....... ဟဲ) အပေါ်ကို ရောက်ရင် ကကုသာန် မြတ်စွာဘုရားကို ဦးတိုက်ရှိခိုး၊ ဘုရားကို တစ်ပတ် ပတ်ပြီး အေးအေး ဆေးဆေး တစ်နာရီလောက် ကုန်းတော်ပေါ်မှာ နေချင်တာ စိတ်ထဲက ဆန္ဒသာရှိတယ် အခုထိမလုပ်နိုင်သေးဘူး ဖြစ်နေတယ် အော်........ စိတ်သွားတိုင်း ကိုယ်ပါတဲ့သူ ဖြစ်ရပါလို၏လို့ ဘုရားကိုရောက်ရင် အောင်မြေကနေ ဆုတောင်းတစ်ခု တိုးပြစ်လိုက်ဦးမယ်

1 comment:

အနတ္တ said...

မကြီးရေ… အနတ္တလဲ ကူပြီးဆုတောင်းပေးမယ်နော်…………………..
“မကြီးတစ်ယောက် လိုအင်ဆန္ဒများ တလုံးတကွတည်း ပြည့်ဝပါစေ”