Wednesday, November 7, 2007

ရှမ်းမုံ့တီချက်စားကြရအောင်


ပါချူးရှမ်းမုံ့တီကိုကြိုက်တယ် ရှမ်းမချက်တိုင်းသွားသွားစားတယ် ချက်နည်းကိုလည်း မေးထားတယ် ပါချူးသိတဲ့ ရှမ်းမုံ့တီချက်နည်းက

ငါး ၁၅ ကျပ်သားကို ရေဆေးပြီး ဆား၊ ဆနွင်းနယ် ရေနဲနဲ ထည့်ပြီးပြုတ် ကျက်ရင် အသားထွင်ထား၊
ချက်မဲ့အိုးထဲကို ဆီ၂ကျပ်ခွဲသားထည့်၊ ကြက်သွန်ဥ ကြီးကြီး ၂ ဥ လှီးထည့်၊ ခရမ်းချဉ်သီးအနေတော် ၂ လုံးလောက်ထည့် ဂျင်း၊ ကြက်သွန်ဖြူထောင်းထည့်ပြီး ဆီသတ်၊ ထွင်ထားတဲ့ ငါးအသားတွေထည့်၊ ပြီးလျှင်ရေကို ၅ယောက်စာမှန်းထည့်၊ ဆားထည့်၊ ပွက်ပွက်ဆူလျှင် မုံ့ဖတ် ကြက်သွန်မိတ်၊ နှမ်းကြက်သွန်ဖြူဆီချက်နဲ့တွဲဘက်ပြီး ရှမ်းမုံ့တီစားနိုင်ပါပြီ။

မှတ်ချက်။ ။ရှမ်းမုံ့တီမှာ ငန်ပြာရည် လုံးဝမထည့်ရပါ။

1 comment:

အနတ္တ said...

မကြီးပါချူးရေ… ရှမ်းမုံ့တီ ချက်ဖြစ်လို့ စားဖို့အတွက်ဆိုရင် အနတ္တကို ဖိတ်ဖို့ကို အားမနာနဲ့နော် ဟဲ ဟဲ ။ အနတ္တက စားတာတော့ ၀ါသနာပါ ပါတယ်။