Wednesday, November 21, 2007

ဒါလေးတွေစားကြည့်ရအောင်

သူငယ်ချင်းတို့ရေ
ပါချူးတို့ မနက်အစောစာကို အဆင်ပြေသလိုစားနေကြတယ်လေ ဒီအထဲက ပါချူးစားဖြစ်တာလေးတွေကို တင်ပေးလိုက်တယ် သူငယ်ချင်းတို့လည်း အဆင်ပြေရင် စားကြည့်ကြပါလား၊ ပါချူးက ပေါင်မုန့်ကြိုက်တော့ ပေါင်မုန့်ကို အမျိုးမျိုးလုပ်စားဖြစ်တယ်......... အချိန်ကုန်သက်သာပီးဗိုက်ဝတဲ့ စားစရာလေးတွေလေ

ပေါင်မုန့်မီးကင်ပြီး ရိုးရိုးဆီဆမ်း၊ ကော်ဖီ
ပေါင်မုန့် နှင့် ကြက်သားဟင်းတွဲပီးစား ၊ ဘလက်ကော်ဖီသောက်
ပေါင်မုန့် နှင့် စားတော်ပဲပြုတ်ဆီစမ်း၊ ဘလက်ကော်ဖီ
ပေါင်မုန့်နှင့် အစိမ်းကြော် တွဲပီးစား၊ လ္ဘက်ရည်သောက်
ပေါင်မုန်နှစ်ခုကြားထဲ ကြက်ဥကြော်ညှပ်စား၊ ဘလက်ကော်ဖီသောက် ....ကြက်ဥက ကြက်ကြက် မကြက်ကြက်ရတယ်
ငှက်ပျောသီးကြော်၊ လ္ဘက်ရည်
ငှက်ပျောသီး၊ ကော်ဖီ၊ လ္ဘက်ရည်တစ်မျိုးမျိုးနှင့်တွဲစား
ထောပတ်သီး(ဘာအချိုမှမထည့်ဘူး)
သင်္ဘောသီးမှည့်

တစ်ခါတစ်လေလည်း အိုးထဲရေနဲနဲထည့်၊ ပွက်လာရင် ခေါက်ဆွဲ(ကြာဇံ)၊ မုံညင်း (အရွက်တစ်ခုခု-ကန်ဇွန်းရွက်ဖြစ်ဖြစ်၊ မုံလာထုတ်ဖြစ်ဖြစ်)ထဲ့ အချို၊ အငန်ကို ကိုယ်ကြိုက်သလိုထည့် ဒါက အသားသတ်လွတ်အတွက်....... အသားရှိရင် အသားတစ်ခုခုထဲ့လည်း ရတယ်
သူငယ်ချင်းတို့ရော ဘာတွေလုပ်စားဖြစ်ကြလဲ။ အချိန်ကုန်သက်သာတယ်၊ ကျန်းမာရေးနှင့်လည်း ညီညွတ်တယ်၊ စားလို့လည်းကောင်းတယ်..... ပါချူးကဒါတွေကြိုက်တာကိုး ဟဲ.....ဟဲ.......ဟဲ

2 comments:

Thein Min Htike said...

မကြီး

တကယ်လားဗျာ။ တကယ် ရော စားကောင်းလား။ တော်တော် ထူးဆန်းတဲ့ အတွဲတွေပဲ။

ကောင်းတမန် အဲလို တွဲပြီး မစားဖူးဘူး။

စာမေးပွဲပြီးမှ စားကြည့်ဦးမယ်။

ပွေလီဆာ စားစရာ အတွဲ တွေ စဉ်းစားကြည့် ရင်း မကြီး လုပ်ကျွေးဖူးတဲ့ ပေါင်မုန့် မီးကင် ထောပတ် သုတ်လေးတောင် ပြန်လွမ်းလာပြီ။

magyi-parchuu said...

ကောင်းတမန်ရေ
စားကြည့် ကောင်းမှကောင်း :D