Wednesday, November 21, 2007

အမှတ်တရ တန်ဆောင်တိုင်

ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့ဟာ (၂၄-၁၁-၀၇)ရက်နေ့မှာ ကျရောက်မှာဖြစ်ပါတယ်
ပါချူးတို့ငယ်ငယ်ကတန်ဆောင်မုန်းလပြည့်ရောက်ပီဆိုရင် အဖွားက တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ထူးခြားချက် ကလေးတွေ ပြောပြောပြတတ်တယ်။
တန်ဆောင်မုန်းလပြည့်နေ့ဟာ တနှစ်လုံးမှာ လမင်းအလင်းရောင် အတောက်ပဆုံးအချိန်ဖြစ်တယ်ဆိုပီး အပ်ပေါက်ထဲကို အပ်ချည်ထိုးခိုင်းတယ်၊ ပါချူးတို့ အပြိုင်အဆိုင်အပ်ပေါက်ထိုးခဲ့ကြရတယ်၊ နောက်ပီး ၀ိတ်ဇာဇော်ဂျီတွေ ဆေးကြိတ်ရာမှာ ဆေးစွမ်းအထက်ဆုံးအချိန်တဲ့၊ ဒီအစီအစဉ်ကတော်တော်ကောင်းတယ် မယ်ဇလီဖူးသုတ်စားရတယ်။
အဖွားသုတ်ပေးတဲ့ မယ်ဇလီဖူးသုတ်ကို ပြောပြမယ်
မယ်ဇလီဖူးတွေကို အပင်ကခူး (အခုတော့ ဈေးကနေ၀ယ်ပေါ့နော်)၊ ဖုန်သဲစင်အောင် ရေဆေး၊ အိုထဲထဲ့၊ ရေနဲနဲ ထည့်ပီးပြုတ်တော့တာဘဲ
ရေကို ပွက်လာလိုက် သွန်ပြစ်လိုက် တစ်ခါထပ်ပြုတ်လိုက်နဲ့ (၃)ခါလောက်ပြုတ်ပြစ်တယ်။
လပြည့်ညရောက်ပီဆိုရင် ပြုတ်ပီးသား မယ်ဇလီဖူးကို ငရုပ်ဆုံနဲ့ အလုံးကွဲရုံထောင်း၊ နှမ်း၊ မြေပဲထောင်း၊ ဆီချက်၊ ဆား အားလုံးထည့်ပီး နယ်တော့တာဘဲ၊ အိမ်သားအားလုံးလည်းစားရတယ် အိမ်နီးနားချင်း တွေကိုလည်း လိုက်ဝေရတယ်၊ အိမ်နီးနားချင်းတွေကလည်း ပါချူးတို့အိမ်ကို လာဝေကြတယ်လေ။
ပါချူးတို့က ဘယ်အိမ်က ဘယ်လိုပုံစံနဲ့ သုတ်တာလဲဆိုတာသိရအောင် အားလုံးစားတာပေါ့၊ အဖွားကလည်း ပြောတယ် သူ့ရာသီမို့ပေါ်တဲ့ အသီးအနှံဟာ ဘယ်လောက်စားစား ဘေးမဖြစ်ဘူးတဲ့လေ... ဟား......... ဟား ပါချူးတို့ အကြိုက်ပေါ့.....
မေမေတို့လက်ထက်မှာတော့ ပုဇွန်ခြောက်တို့ ငရုပ်သီးစိမ်းတို့ပါလာဘီလေ
ပါချူးတို့လက်ထက်မှာတော့ ဘာမှကို မသုတ်တော့ဘူး သူများလာဝေတာဘဲ စားတော့တယ်.......ဟဲ....ဟဲ
သူငယ်ချင်းတို့ရော......ဒီနှစ်တန်ဆောင်တိုင်မှာ မယ်ဇလီဖူးသုတ်ကြဦးမှာလား ပါချူးကိုလည်း ပေးကြပါဦးနော်

6 comments:

Thein Min Htike said...

မကြီး ပါချူး

လုပ်ပြန်ပြီ။ မယ်ဇလီ ဖူးသုပ်တဲ့။

လိုင်းပေါ် မှာ သုပ်ပြတာနဲ့ကို တော်တော်လေး သွားရည်ကျနေပြီ။

ဒီမှာ မယ်ဇလီဖူးဝယ်ရရင်တော့ သုပ်စားလိုက်ဦးမယ်။

magyi-parchuu said...

ကောင်းတမန်ကိုယ်တိုင်သုတ် မယ်ဇလီဖူးကို စားကြည့်ချင်တယ်ဟေ့

Thein Min Htike said...

မကြီး

ပြီးမှတော့ ကောင်းတမန် လုပ်ကျွေးတာ ဆို ဘယ်တော့ မှ မစားတော့ဘူးလို့ မပြောရဖူးနော်။

ဝယ်ရလို့ သုပ်စားဖြစ်ရင် လိုင်းပေါ် က နေ ပို့လိုက်မယ်လေ။

မရရင် လည်း လိုင်းပေါ် က ပဲ မျှော်နိုင်အောင် မကြီး ပုံတွေတင်ထားပေးနော်။

magyi-parchuu said...

လုပ်လိုက်လေ ကြာသလားလို့

အနတ္တ said...

မကြီးပါချူး နဲ့ ကောင်းတမန် ရေ…

ခင်ဗျာတို့နှစ်ယောက်တော့ မယ်ဇလီးဖူးသုတ် စားဖြစ်သလား၊ မစားဖြစ်သလားတော့ မသိဘူး။ အနတ္တကတော့ အခုတန်ဆောင်မုန်းလပြည့်ည ၁၂နာရီထိုးမှာ စားဖြစ်တယ်ဗျို့ ။ ခင်ဗျာတို့ မစားဖြစ်လဲ စိတ်မပူပါနဲ့ခင်ဗျာ။ ခင်ဗျာတို့အတွက် အနတ္တ ပိုစားထားပါတယ်။

PARCHUU said...

အနတ္တရေ
ပိုစားလိုက်တယ်ဆိုလို့ ကျေးဇူးပါဘဲကွာ
နောက်ရက်မနက် စောစောအိပ်ရာထရမှာမို့
ည ၈နာရီကတည်းက မယ်ဇလီဖူးသုတ်ကို စားလိုက်ရတယ် ........ ဟဲ.......ဟဲ