Tuesday, November 27, 2007

လပြည့်နေ့

တန်ဆောင်မုန်း လပြည့်နေ့က ပါချူးတို့သူငယ်ချင်းတစ်စု နံနက် စောစော ဘုန်းကြီးကျောင်းကို သွားကြတယ်၊ သွားဖြစ်ခဲ့တဲ့ ဘုန်းတော် ကြီးကျောင်းက မိုးကုတ်ဝိပတ်သနာ တရားစခန်း ဖြစ်နေ တယ်။ အဲဒီ နေ့မှာဘဲ ဘုန်းကြီး ကျောင်းနားမှာရှိတဲ့ ဘုရားမှာ ထီးတင်နှင့် ပဌာန်း ပိတ်ပွဲရှိတယ်။ ဥပုဒ်သည် တွေအားလုံး ဘုရားပေါ်ကို လာခဲ့ကြဘို့ ကျောင်းထိုင်ဆရာတော်ကြီးက မိန့်မှာနေတယ်။ ပါချူးတို့ သူငယ်ချင်း တစ်စုက မသွားချင်ဘူးလေ၊ ဒါကြောင့် ကျောင်းပေါ်မှာဘဲ နေရစ်ခဲ့ကြ တယ်။ ဆရာတော်တစ်ပါးက ကျောင်းမှာကျန်ခဲ့ရင်လည်း အချိန်ကို အကျိုးရှိအောင်ဆိုပီး မိုးကုတ် ဆရာတော်ဘုရားကြီးရဲ့ တရားခွေကို ဖွင့် ပေးတယ်။ ပါချူးတို့ သူငယ်ချင်း တစ်စုကလည်း တရားနာရင်း တရား ထိုင်ဖြစ်ကြတယ်။

တရားခွေဖွင့်တာ စုစုပေါင်းကြာချိန်က ၄၅မိနစ်ဘဲရှိတယ် ပါချူးမှာ လွင့် မျောနေတဲ့စိတ်တွေကို လိုက်ပီးကောက်သင်းကောက်နေရတာက မိနစ် ၃၀ လောက်ရှိသွားတယ် တကယ်တရားထိုင်လို့ရလိုက်တာက ၁၅မိနစ် လောက်ဘဲရှိတယ် ကိုယ့်ကိုကိုယ် တော်တော်စိတ်မငြိမ်သေးတဲ့ သူပါလားဆိုတာ ဖုန်းလို့ ဖိလို့ကိုမရဖြစ်နေတာကို သိလိုက်ရတယ်။

ဆရာတော်က ၈ပါးသီလပေးတယ်။ ပါချူးမှာ တစ်နေ့ကုန်လိုက်ရင် ဘယ်နှစ်ပါးမှ မကျန်မှာဆိုးလို့ မှတ်မထားရဲတော့ဘူး။ ဆရာတော်က သီလပေးပီး တရားဟောတယ်။ လူတစ်ယောက်မှာ သီလနှင့်ပညာရှိဘို့ အရေးကြီးဆုံး။ သီလကို ပညာနဲ့ထိမ်းပီး၊ ပညာကို သီလနဲ့စင်ကြယ်ဘို့ သုတ္တန်ဒေသနာနဲ့ ဥပမာကလေးတွေပေးပီး ဟောတယ်။ အနှစ်သာရ တော်တော်ရှိတဲ့ တရားကလေးကို ရခဲ့တယ်။

ဘုန်းကြီးကျောင်းကနေအပြန် ဈေးကိုသွားတယ်။ နောက်ရက်ချက်ဘို့ ဟင်းနှင့် ညမှာ သုတ်စားဘို့ မယ်ဇလီဖူးဝယ်ခဲ့တယ်။

ညမှာ သူငယ်ချင်းတစ်တွေစုပီး မယ်ဇလီဖူးသုတ်စားဖြစ်ကြတယ်။ ၀ယ်လာတဲ့ မယ်ဇလီဖူးကို ပြန်ပြုတ်ပြစ်လိုက်တယ်။ ငရုပ်ဆုံမှာ အလုံး ကွဲရုံထောင်း၊ ပုဇွန်ခြောက်၊ မြေပဲဆံ၊ နှမ်းတို့ကို ထောင်းပီး သံပုရာသီး ကလေးနဲနဲညှစ်၊ ဆားတော်ရုံထည့်ပီး အားလုံးရောနယ်လိုက်တယ် ဒါဟာပါချူးရဲ့ မယ်ဇလီဖူးသုတ်လေ။ သူငယ်ချင်းတွေကတော့ အာလူး၊ ငရုပ်သီး ဘာညာ သာဓကာတွေထည့်ကြသေးတယ်။ ဒါပေမဲ့ အားလုံး စားကောင်းနေတာပါဘဲ။ ဆေးပေါင်းခအောင် ည ၁၂နာရီမှ စားရမယ် လို့ သူငယ်ချင်းတစ်ယောက်ကပြောတယ်။ ပါချူးတို့မှာ ဆေးပေါင်းက ခပီးသားဆိုတော့ ည ၈နာရီ မှာ စားလိုက်ကြတယ်။ ကောင်းလိုက်တာ.. မိဘနဲ့ ဝေးနေတော့လည်း ကိုယ်တိုင်မှ လုပ်မစားဖြစ်ရင် စားရတော့မှာ မဟုတ်လို့ လုပ်စားဖြစ်တယ် ဒါပေမဲ့ မိဘလုပ်ကျွေးတုံးကလောက် အရသာ၊ ခံစားမှု ဘယ်မှီမလဲလေ………

သူငယ်ချင်းတို့ရော တန်ဆောင်မုန်းလပြည့်နေ့မှာ ဘာတွေလုပ်ဖြစ်ကြ သေးလဲ ပါချူးတော့ ၀ိုင်းစက် ၀င်းထိန်နေတဲ့ လမင်းကြီးကို ကြည့်ပီး အိမ်ကိုလွမ်းရတယ်။ သူငယ်ချင်းတို့ရော……………………..

2 comments:

အနတ္တ said...

မကြီးပါချူးရေ…
အနတ္တကတော့ ကထိန်တွေကိုသွားပြီး ၀ါတီးပေးဖြစ်တယ်။ ကထိန်တရားတော့ မနာဖြစ်ခဲ့ဘူး။ ညပိုင်းတော့ မဟာမြတ်မုနိဘုရားကြီးကိုရောက်ဖြစ်တယ်။ ညလယ်လောက်မှာတော့ မယ်ဇလီဖူးသုတ် စာဖြစ်ပါသေးတယ်။ တန်ဆောင်မုန်းလပြည့်နေမှာ မိုးကုတ်ဝိပါတ်သနာတရားနာခွင့်၊ တရားထိုင်ခွင့် ရတာကိုက ကုသိုလ်ထူးလို့ပါပဲ။ နောက်နောင် အဆင်ပြေရင် မကြီးသိတဲ့တရားလေးတွေကို မျှဝေ သိလိုပါတယ်။ ရန်ကုန်မှာ ခဏနေဖြစ်တုန်းကတော့ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားထားတဲ့ တရားတော်စာအုပ်အသေးလေးတွေကို ဖတ်ဖြစ်သေးတယ်။ အနတ္တကတော့ အရမ်းကြိုက်တာပဲ။ ဖတ်ပြီးလို့ ဆက်တွေးဖြစ်ရင် တခါတခါ အရမ်းကြောက်ဖို့ကောင်းတာပဲ။ မကြီး အဆင်ပြေရင် မကြီးသိသလိုလေးပဲ တင်ပေးပါအုန်း။

magyi-parchuu said...

အနတ္တရေ
မဟာမြတ်မုနိ ဘုရားကြီးကို မကြီးမဖူးရတာ နှစ်ချီနေဘီ၊ ကောင်းလိုက်တာ ဒီမှာက သွားစရာ ဘုရားမရှိဘူး၊ ဘုန်းတော်ကြီးကျောင်းတောင် အရင်ကတည်းက တောကျောင်းပုံစံရှိနေလို့ အခုတော့ မြို့လည်ခေါင်လိုဖြစ်နေတယ် ဒါပေမဲ့ တရားစခန်းကိုတော့ ဆက်ပီးဖွင့်နေသေးတယ်။ မငြိမ်တဲ့စိတ်ကို ဘယ်လိုလုပ်ရမလဲ မသိတော့ပါ ဘူးဟာ လူ့ဘ၀မှာ လုပ်ချင်တာတွေ လုပ်သင်တာတွေကလည်း အများသားဟ။ မင်းပြောသလိုဘဲ တွေးမိရင် ကြောက်ကြောက်လာတယ်