Tuesday, November 27, 2007

ပျော်စရာ အားလပ်ရက်ကလေး

ဒီနေ့က တနင်္ဂနွေနေ့ ရှားရှားပါးပါးအနားရတဲ့နေ့ ညီမလေးတွေစုပီး အလည်လာကြမယ်ဆိုလို့ ဘာကြွေးရမလဲ စဉ်းစားကြတယ်။ မခမ်းနှင့် ၀င်းလဲ့က ရှမ်းမုံ့တီချက်ကြွေးတယ်။ ဒါနဲ့ပါချူးက ကျောက်ကြော၊ ဂျင်းသုတ် လုပ်လိုက်တယ်။

မနက် ၉နာရီလောက်မှ ညီမလေးတွေရောက်လာတယ်။ စုစုကြိုင်၊ အေးအေးအောင်၊ မြင့်မြင့်စန်း၊ ခင်ငြိမ်းစု၊ မကေတို့ဘဲပါတယ် မစုက လာခါနီးမှ ဗိုက်မကောင်းလို့ဆိုပီး နေခဲ့တယ်တဲ့။

ကလေးတွေနဲ့ စားလိုက်ကြ စကားပြောလိုက်ကြ၊ ရယ်လိုက်ကြနဲ့ မျက်နှာအကြောတွေ တော်တော်ပြေသွားတယ်။

ဒီတနင်္ဂနွေနေ့လိုမျိုး မကြုံရတာ တော်တော်ကြာနေဘီလေ တန်ဘိုးရှိ လိုက်တာ။ ဘ၀မှာ ပျော်စရာကလေးတွေလဲ မပျောက်သေးပါလားဆိုပီး ပီတိဖြစ်မိတယ်။

အော်…….. ဘ၀ကြီးကလည်း နေပျော်ပါသေးတယ်လေ……………

2 comments:

အနတ္တ said...

မကြီးပါချူးက မုန့်လုပ်ကျွေးမယ်ဆိုတာကို စောစောကတော့တင်မထားဘူး။ စောစောတင်ထားရင်လာစားမှာဆိုလို့မလား။ နောက်တစ်ခါလည်းမုန့်လုပ်စားမယ် ဆိုရင် ကြိုမတင်မိစေနဲ့နော်။ ကြိုတင်ရင်လဲ လာစားဖို့ ဖိတ်မထားနဲ့နော်။ ဟဲ ဟဲ အနတ္တတို့က တကယ်လာစားရင် မကြီးတို့ စားဖို့ မကျန်ဘဲနေအုန်းမယ်။

magyi-parchuu said...

အနတ္တရေ
မင်းလာရင် မုန့်လုပ်ကျွေးပါ့မယ် မင်းသာ မကြီးဆီကို ရောက်အောင်လာခဲ့ပါ