Friday, November 9, 2007

ပါချူးမှတ်မိသမျှ


ပါချူးတို ရှစ်တန်းတုံးက အင်္ဂလိပ်စာဆရာက ဦးမြင့်ဆွေ၊ စာသင်အရမ်းကောင်းပြီး စေတနာအပြည့်အ၀ထားတဲ့ ဆရာတစ်ဦးပါ၊ ဆရာက အင်္ဂလိပ်စကားပုံကလေးတွေကို အကျက်ခိုင်းခဲ့ပါတယ် တစ်နေ့ရောက်ရင် အသုံးဝင်မယ် တဲ့ ပါချူးတို့ ငယ်ငယ်ကကျက်ခဲ့တာလေးတွေကို memo recall ပြန်ခေါ်ပြီး ချရေးပေးလိုက်တယ် မသိသေးတဲ့ သူငယ်ချင်းတွေလဲ သိရအောင်လေ။ ဒါလေးတွေက ငယ်ငယ်ကကျက်ခဲ့လို့ မှတ်မိနေတာ၊ ကြီးမှ ကျက်ခဲ့တာဆိုရင် ဒီလောက်မှတ်မိမှာမဟုတ်ဘူး..... ဒါ ပါချူးရဲ့ကိုယ်ရည်သွေးချက်လေ.......

A soft answer turneth away warth.
နှုတ်ချို သျှိုတစ်ပါး။
Practice makes perfect.
အကျင့်ရှိမှ အသင့်ဖြစ်မည်။
When in Rome do as a Rome does.
အများမိုးခါးရေသောက်ရင် ကိုယ်လည်းသောက်ရမယ်။
Make hay while the sun shines.
လသာတုံး ဗိုင်းငင်။
Killing two birds with one stone.
တစ်ချက်ခုတ် နှစ်ချက်ပြတ်။
Cut your coat according to your cloth.
သူ့အိုးနှင့် သူ့ဆန် တန်ရုံခတ်။

အခုတော့ ဒါလေးတွေဘဲမှတ်မိသေးတယ်......... နောက်ထပ်ရေးနိုင်အောင် စဉ်းစားလိုက်ဦးမယ်

1 comment:

အနတ္တ said...

Magyi Parchuu... I like all mottoes. In childhood, I heard some of your mottoes in Burmese but not in English. That's why thank u a lot and I am hoping your coming mottoes by recalling your memo.