Wednesday, November 7, 2007

ကာရံမဲ့ ခေါင်းစဉ်မဲ့


လပြည့်ည
လမင်းရဲ့အလင်းရောင်
လောကတစ်ခုလုံးလင်းထိန်
ကြယ်ကလေးတွေရဲ့အလင်းရောင်
ရှိနေသားနဲ့ ဘယ်မှာလဲကွယ်။

လကွယ်ည
အလင်းရောင်လေးတော့ရှိနေ
ဒါပေမဲ့
ကြယ်ကလေးတွေပိုလင်းနေ

ဘယ်အချိန်ဘဲဖြစ်ဖြစ်
ကြယ်ကလေးတွေကတော့ ထာဝရရှိ

တောက်ပတဲ့အလင်းရောင်မရှိပေမဲ့
ထာဝရလင်းပေးနေတဲ့ ကြယ်ကလေးပါ..........

ပါချူး ကဗျာမရေးတတ်ဘူး ဒါပေမေဲ့ မနေ့ ည ၉နာရီလောက်မှာ ကောင်းကင်ကြီးကို မော့ကြည့်ပီး ရေရွတ်ခဲ့မိတာတွေကို ချရေးမိတာပါ ဘာကာရံမှလည်းမသိ ဘာကာရံမှလည်းမမိတဲ့ စာကြောင်းကလေးတွေပါ ကြိုးစားပီးဖတ်ပေးကြပါ သူငယ်ချင်းအပေါင်းတို့ရေ....................

2 comments:

အနတ္တ said...
This comment has been removed by the author.
အနတ္တ said...

ကာရံမဲ့ရင်တော့ မော်ဒန်လို့ပြောကြတာပဲ။ ကာရံမဲ့ခေါင်းစဉ်မဲ့ ဆိုတာလဲ ခေါင်းစဉ်တစ်မျိုးလို့ ခံစာမိပါတယ်။ အဲဒီခံစာချက်လေးနဲ့တူတဲ့ စာသားလေးကို သတိယတာနဲ့ ရေးပေးလိုက်ပါတယ်။ စာသားလေးကိုပြောပြတဲ့သူကတော့ သူငယ်ချင်း ဒူရှည် ပါပဲ…..အဲဒါလေးကတော့….. " အမှောင်ကိုကြည့်ဖို့ မည်သည့်အလင်းရောင်မှ မလိုအပ်ပါ " ဆိုင်မဆိုင်တော့မသိဘူးမကြီးပါချူးရေ… ခံစားမိတဲ့အတိုင်း ရေးပေးလိုက်တာပါ။