Saturday, February 28, 2009

အစမ်းသပ်ခံ

ကိုယ်မပြောလည်း သူ့အတွက်တက်လမ်းရှိရင်
ဘယ်သူသေသေ ငတေမာပီးရော
နှုတ်ထွက်ကယ် စည်းမစောင့်
ပြောဘို့ရာ ၀န်မလေးသူ။

ကိုယ့်အမှားကို သူများသိရင်
အထင်သေးမှာ စိုးရိမ်စိတ်နဲ့
အနားမရှိသူ အမှားဖြစ်အောင်
ပါးစပ်က ပြောလိုက်ရမှ
နေသာထိုင်သာ ရှိနေသလား။

ဘယ်အရာမဆို လုပ်သင့်မလုပ်သင့်
ဦးနှောက်မှာ မစဉ်းစားနိုင်
ကိုယ့်အရေး ရှေ့တန်းတင်
အတ္တရယ် ကြီးလွန်းနေ။

သို့ပေမဲ့လည်း.....
ခဏတာ တွေ့သူကို
ရွှန်းရွှန်းဝေ နှုတ်ထွက်စကား
တွေ့လိုက်ရင် သဘောကောင်း
မနောကောင်းယောင် မျှတသူ
အရေခြုံ ဖုံးလွှမ်းထား
အပေါ်ယံ ဝေဆာနေသူ။

လူဘ၀ ခဏတာ
အချိန်တိုတွင်း ဒီဇတ်ရှုတ်ကို
ကြုံတွေ့နေရ ပတ်ဝန်းကျင်မှာ
သဘာဝ လောကကြီးက
ခံနိုင်ရည် ဘယ်လောက်ရှိလဲ
အချိန်ပေး စမ်းသပ်နေလား။

3 comments:

Anonymous said...

လောကကြီးက စမ်းသပ်နေသလား
ဟုတ်တယ်မကြီးရာ။ တစ်ခါတစ်ခါ အားလျော့ချင်တယ်။ စိတ်ရှုပ်တယ်ဗျာ

PARCHUU said...
This comment has been removed by the author.
PARCHUU said...

အားမလျှော့ပါနဲ့ မောင်ငယ်ရယ်..... ဘ၀မှာ အခက်အခဲတွေ ရှိနေတာဟာ..... အားလုံး အဆင်ပြေ ချောမွေ့ နေတာထက် ပိုကောင်းတာတွေ ရှိပါတယ်။