Sunday, March 15, 2009

မျှော်မိတယ်

ပန်းပိတောက်တွေ ရွှေရည်လူး
ပွင့်ဖူးတဲ့ ဒီအချိန်ဆို
ရောက်လာလေမလား နှစ်စဉ်တိုင်း
မျှော်မိတဲ့ ဒီအကျင့်လေးကို
တမ်းတမြတ်နိုး သိမ်းထားမိတာ
ခုချိန်ထိပေါ့ .....။

တကူကူးတဲ့ ဥသြငယ်
လွမ်းနေသူ ထပ်ဆင့်လို့
နှစ်ဦးရဲ့ အစတနွေ
ရောက်ပြန်ပြီ တစ်ပါတ်လည်ပေါ့
တမ်းတသူ ပြန်လာမလား
နွေရောက်တိုင်း မျှော်လင့်မိတာ
ခုချိန်ထိပေါ့ ......။

ရော်ရွက်တို့ မြေမှာခ
ဖူးငုံရန် အားမာန်တင်းလို့
တိုးထွက်ဖို့ အားယူချိန်
စောင့်မျှော်မိ နှစ်စဉ်နှစ်တိုင်း
ဆန္ဒရယ် မပြည့်သေးတာ
ခုချိန်ထိပေါ့ ......။

1 comment:

လင်းဒီပ said...

ကျွန်တော်လည်း အဝေးက သင်္ကြန်ကို ကြိုလွမ်းနေမိတယ်..