Thursday, February 19, 2009

ထာဝရ မေတ္တာ

တစ်နေရာကို သွားတော့မယ်ဆို
သတိထားနော် လမ်းမမှားစေနဲ့
စိတ်မချလို့ မှာနေလိုက်တာ။

တစ်ခုခုကို စားတော့မယ်ဆို
ကျန်းမာရေးအတွက် ပူပင်ပေးတာ
ဒါလေးကတော့ တည့်ပါ့မလား။

ညအိပ်ရာဝင် နွေးထွေးစေဘို့
စောင်လပ်နေလား အေးနေလား
တစ်ရေးနိုးလို့ ထစမ်းပေးတာ။

သားသမီးအသက် ဘယ်လောက်ကြီးကြီး
ပိစိကွေးလေး ထင်နေခဲ့တာ
မပြောင်းလဲတဲ့ မေတ္တာတွေနဲ့
အစဉ်ထာဝရ နွေးထွေးနေတဲ့
မိဘ မေတ္တာ။

2 comments:

Welcome said...

အမြဲနွေးထွေးနေမယ့်
မိဘမေတ္တာကို ဖော်ကျူးတဲ့ ကဗျာလေး လာဖတ်ပါတယ်။

လင်းဒီပ said...

သိပ်မှန်တာပဲ အစ်မ
သူတို့မျက်စိထဲမှာ အမြဲတမ်း ကလေးပဲ...
ဘယ်နေရာမှာမှ မရနိုင်တဲ့ နွေးထွေးတဲ့အရိပ်..
ဝေးတော့ ပိုနားလည်လာတယ်..