Sunday, February 22, 2009

ရည်မှန်း

ကြည်လင်ဝင်းပ

လမင်းငယ်ကို

မင်းကြည့်နေလား

အတွေးမှတ်နဲ့

ငါလည်း ကြည့်မိနေတော့တယ်…….

ကောင်းကင်တစ်ခုလုံး

မှတ်တုတ်ကြယ်ငယ်

မြောက်များစွာမှ

ဘယ်ကြယ်ကိုများ

မင်းကြည့်နေလဲ

အတွေးမှတ်နဲ့

ငါလည်း ကြည့်မိနေတော့တယ်……..

မိုးသားတိမ်လိပ်

မဲမှောင်ကျတဲ့

ဒီတစ်ညတော့

လွမ်းမောကင်းစွာ

နှစ်ချိုက်အိပ်မော

နားစက်ပါရစေ……

1 comment:

Welcome said...

လွမ်းမောဖွယ်ကဗျာလေး
ဖတ်သွားပါတယ်။