
ထမင်းစားပြီးရင် ပဲမြစ်ပြုတ်ကလေးလည်း စားပါဦး။ ပဲမြစ်ကို လုံးလုံး ဖေါင်းဖေါင်း ကလေးတွေ ရှာရွေးရပါတယ်။ ဒါမှ အသားများပြီး အလယ်အူတိုင် မပါတာပါ။ ပဲမြစ်အပေါ်ခွံ အညိုတွေကို ဒါးလေးနဲ့ ခြစ်ပြစ်ရပါတယ်။ နောက် ရေနဲနဲ နဲ့ ပြုတ်ရပါတယ်။ ရေခန်းတော့မယ်ဆို ထပ်ထပ်ပြီး ထည့်တာ တစ်နေကုန် ပြုတ်နိုင်လေ စေးစေးလေး ဖြစ်လေပါပဲ။ ပါချူးလည်း အရင်က ပဲမြစ်ပြုတ်နည်းကို မသိပါဘူး။ ပါချူး အခုနေတဲ့ နေရာက ပဲမြစ်ပေါတဲ့ နေရာဆိုတော့ ပြုတ်နည်းကို အခုမှ ရတာပါ။ ပဲမြစ်ပြုတ် စေးစေးလေးကို ဆီးဆားလေးနဲ့ တို့စားကြပါဦး။ ပါချူးကတော့ ဆီဆားနဲ့ တို့စားတာ မကြိုက်ပါဘူး။ ပဲမြစ်စေးစေးလေး ပြုတ်ထားတာကို ဒီအတိုင်းစားရတာ အကြိုက်ဆုံးပါပဲ။
1 comment:
ခံတွင်းပျက်နေတာ အတော်ပါပဲ အစ်မ။
ခရမ်းချဉ်သီးငပိချက်နဲ့ အတို့အမြုပ်အပြင် ပဲမြစ်ပြုတ်လေးပါ စားလိုက်ချင်ပါတယ်။
ခုတလော ဟင်းပဲ ချက်နေတယ်ပေါ့။
အဆင်ပြေ ပျော်ရွှင်ပါစေအစ်မ .. .. ။
Post a Comment