Thursday, February 26, 2009

အညာအလွမ်း

လေရူးသုန် ညနေခင်းမှာ

မိုးမှောင်ခါ လေတိုက်လိုက်တော့

ဖုန်လုံးတွေ တလိပ်လိပ်ပြေးလာ

တို့အညာ သင်္ကေတ။


ရော်ရွက်ဝါ တမာပင်မှ

ရွက်ကြွေခါ မြေမှာခပြန်တော့

နွေဦးသရုပ် ပီပြင်လှတဲ့

တို့အညာ ရှုခင်း။


ကူချွဲတဲ့ ဥသြပျို

အဆွေးပေါ် အလွမ်းဆင့်လို့

တို့အညာ ပြန်ချင်တယ်လှအောင်

လွမ်းပြတယ်လေး။

No comments: