ကုက္ကို စိန်ပန်း အေးမြအုပ်ဆိုင်း
ပြေးလွှားပျော်ပါး ဆော့ကစားပြီး
ပညာနို့ရည် သောက်ခဲ့ရတဲ့
တို့ကျောင်းတော်ကြီး။
ဂစ်တာတီးပြီး သီချင်းဆိုရာ
ကန်ရေဖွေးဖွေး အေးအေးလေးမှာ
ထိုင်ခဲ့ကြတဲ့ လှေခါးထစ်လေး။
နေ့လည်နေ့ခင်း သူငယ်ချင်းအပေါင်း
ရှေ့ရေးတိုင်ပင် နှီးနှောဖလှယ်
ထွေလာလေးပါး စပ်စုနေရာ
ဆုံခဲ့ကြတဲ့ လဘက်ရည်ဆိုင်လေး။
အညာတစ်ခေါက် အလည်ရောက်တော့
တို့သူငယ်ချင်း အပေါင်းဆုံရာ
ခြေရာလေးတွေ သွားကောက်မိခဲ့။
အော်........... အခုတော့လည်း
မတွေ့တာကြာတဲ့ သူငယ်ချင်းတို့
သားသမီးအတွက် အလုပ်ရှုတ်နေလား
စီးပွားရေရော အဆင်ပြေရဲ့လား
ဘယ်မှာရောက်လို့ ဘယ်လိုနေလဲ
မျှော်မှန်းတမ်းတ ဆန္ဒပြုမိ
အားလုံး အဆင်ပြေ
အေးချမ်းကြပါစေ.............။
Saturday, February 21, 2009
Subscribe to:
Post Comments (Atom)
2 comments:
အပြန်လမ်းတွေက ဒီလိုပါပဲ...
လွမ်းလို့ပြန်ခဲ့ပေမယ့်...
သက်ရှိသက်မဲ့အတော်များများ ပြောင်းလဲသွားတတ်တော့ အလွမ်းတွေနဲ့သွား..အပြောင်းအလဲတွေနဲ့ပြန်ခဲ့ရတယ်..
ဟုတ်တယ် လင်းဒီပရေ...... ပြောင်းလဲခြင်းတွေနဲ့ အမြဲတမ်း ရင်ဆိုင်နေရမဲ့ ဘ၀ပေါ့ဟာ
Post a Comment