Wednesday, December 12, 2007

ပျော်နေကြတဲ့သူငယ်ချင်းတစ်စု




6 comments:

Thein Min Htike said...

အားလုံး.........

ကောင်းတမန် မွေးနေ့ပွဲမှာ...........။

ဘုရား၊တရား၊သံဃာ ရတနာ သုံးပါး ကို အရင်ဆုံး ဦးချ ကန်တော့ပါတယ်။

မွေးတမိခင်၊မွေးတဖခင် နဲ့ အဘိုးအဘွား ဆွေမျိုးသားချင်းများကို ဒုတိယ ဦးချ ကန်တော့ပါတယ်။

တတိယ ကတော့ မကြီးပါချူးအပါအ၀င် သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာ အားလုံးကို ကန်တော့ ပါတယ်။

ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ၊ဆွေမျိုးမိတ်သဟာ၊သူငယ်ချင်း အားလုံးအပေါ် ကာယကံ၊၀စီကံ၊မနောကံ တို့မှ ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ခွှင့်လွှတ် ကျေအေးပေးပါရန် ၀န်ချ တောင်းပန် အပ်ပါတယ်။

သူငယ်ချင်းအားလုံး ပျော်ပျော်ပါးပါး လေး မွေးနေ့ကို ဆင်နွှဲကြရအောင်နော်။

အရိပ် said...

မကြီးပါချူး...... အခုလိုကျတော့လည်း ကောင်းတမန်ဆိုတဲ့ ကောင်လေးက မဆိုးဘူးနော် ... လိမ်မာသားဘဲ ၀န်ချတောင်းပန်တယ်ဆိုတော့လည်း အရိပ်တို့က ကျေနပ်ရတော့မှာပေါ့နော့

PARCHUU said...

အရိပ်ရေ ကောင်းတမန် အမှားများနေဘီနဲ့ တူတယ်... ဟား....ဟား

အနတ္တ said...

မယုတို့များ မုန့်စားဖို့အရေး လက်တစ်ဘက်နဲ့ကွယ်ပြီးလူလစ်ပြီလားချောင်းရ(သူ့ခမျာမွေးနေ့ လက်ဆောင်မှ ဟုတ်တိပတ်တိမပေးရသေးတာကို) လက်နဲ့ကွယ်ပြီး မုန့်ဘယ်မှာရှိတုန်း လိုက်ရှာရနဲ့ အင်းဒုက္ခများလိုက်တာ…အင်းပေါ့လေ ကောသလ္လကောင်းတမန်နဲ့ စူဇကာအရိပ်တို့ လာသွားပြီးမှကို။ (အပေါ်ပုံ)

အနတ္တ said...

ပိစ် (Peace) ကိုလည်း ကြည့်လိုက်ကြပါအုန်း သူ့ခမျာ မွေးနေ့ပွဲသွားရမှာဆိုပြီး ပျော်နေလိုက်တာ ဘောင်းဘီအတိုလေးဝတ်ပြီး ကနေတယ်။ အပျော်လွန်လို့ မွေးနေပွဲပြီးသွားတာတောင် မရောက်ဘဲနေအုန်းမယ်နော်…. (ဒုတိယပုံ)

အနတ္တ said...

အောင်မယ်အောင်မယ် သနပ်ခါးတို့မိသားစုကလည်း မကြီးကိုပြောထားတဲ့အတိုင်းပဲ လူစုံသက်စုံပဲချီတက်လာကြတယ်ဗျ….. (အောက်ဆုံးပုံ)