Tuesday, December 18, 2007





ရေမြောင်ကြီးကို ရောက်တော့ ခဏနားကြရသေးတယ်။ အပေါ်ကကားတွေ ဆင်းလာမှ အောက်ကားတွေက တက်ကြရတယ်၊ မကြီးတို့လူကြီးတစ်သိုက် ကတော့ ကားပေါ်ကနေ မဆင်းတော့ဘူး၊ ဒါပေမဲ့ ကလေးတွေ ကတော့ ကားပေါ်ကနေ ဆင်းပီး ရေမြောင်ကြီးမှာ သွားဆော့ကြ၊ ဓါတ်ပုံရိုက်ကြ လုပ်ကြတယ်။ နာရီဝက်လောက်နေပီး ကားတွေ တောင်ပေါ်တက်လို့ရတယ် မတ်စောက်နေတဲ့ လမ်းတွေများပီး ကွေ့တွေ ကလည်း တော်တော်များတယ်။ ကျွမ်းကျင်တဲ့ ကားသမားနဲ့ စက်အင်ဂျင်ကောင်းတဲ့ ကားကြောင့်သာ ဘေးမသီရန်မခဘဲ ဘုရားးကို ရောက်ရတယ်။ ကားက ကွေ့တစ်ခုကွေ့ပီး အပေါ်တစ်ခုတက်ပီဆိုရင်ဘဲ ကြောက်တတ်တဲ့ တူမလေး စုပုံချစ်ရဲ့ အသံသေးသေးလေးလုပ်ပီး အော်သံတွေကြောင့် ပျော်ခဲ့ကြရ သေးတယ်။

No comments: