ကြည့်လိုက်ရင် ပြုံးရွှင်ပီး
တက်ကြွနေတဲ့ မျက်နှာကလေးနဲ့
လူတိုင်းကို အဆင်ပြေအောင်
ပေါင်းနိုင်သူလို့ ပြောကြတယ်။
မိဘကပြစ်ထား
မောင်နှစ်မတစ်တွေက ဖယ်ကြဉ်
အားလုံးနဲ့ အဆက်အသွယ်ပြတ်
ကြာခဲ့ဘီ နှစ်ပေါင်းများစွာ။
လောကမှာ ကြည့်လိုက်ရင်
တစ်ယောက်ဟာ ထာဝရ
ရှိသေးတယ်ဆိုတဲ့ အသိနဲ့
အားတက်ခဲ့ရ။
"အရင်က အကြောင်းတွေကို
လုံးဝ မမှတ်မိတော့ဘူး" တဲ့
ထွက်သွားတဲ့ စကားတစ်ခွန်း
ရင်ထဲမှာ ဗလာဖြစ်စေခဲ့။
လောကမှာတစ်ယောက်ထဲ
အားတင်းခါ နေခဲ့ရ
ဘေးနားမှာ ဘယ်သူမှမရှိ
ပျော်ရွှင်၊ ၀မ်းနည်း၊ ကြည်နူးမှုတွေကို
ဘယ်သူနဲ့ မျှဝေရပါ့။
ရင်ထဲမှာရှိသလောက်
ဖွင့်ဟကာ ဟစ်ချင်သော်လဲ
ပြောချင်တိုင်းပြောလို့မရတဲ့
အထီးကျန်တဲ့ ငါ့ဘ၀။
Sunday, December 30, 2007
Subscribe to:
Post Comments (Atom)
4 comments:
မကြီးရေ... အရိပ်နဲ့ အတူ မျှဝေခံစားကြမယ်လေ နော်... ကဗျာလေးက Heart ထိတယ်
အရိပ်ရေ ကျေးဇူးပါ
မကြီး… အနတ္တလည်း တခါတလေ ကိုယ့်ကိုယ်ကို အထီးကျန်ဆန်သလိုခံစားမိတယ်။ အဲဒီအချိန်မှာ အနတ္တ သူငယ်ချင်းတွေနဲ့ ဟိုရောက်ဒီရောက်လျှောက်ပြောရင် ပြောနေကြ စကားလေးတစ်ခုကို ပြန်ပြန်သတိရမိတယ်။ အဲဒီစကားလေးကိုကြားမိရင် အထီးကျန်ဆန်တဲ့စိတ်အစား ကိုယ့်ကိုယ်ကို ရီချင်စိတ်ကလေး ဖြစ်လာတယ်။ အဲဒီစကားလေးကတော့ "သံယောဇဉ်ဆိုတာ သံဿရာကိုရှည်စေတယ်" လို့ပဲဖြစ်ပါတယ် မကြီးရေ…………..
အိုကေ အနတ္တရေ မကြီး သံသရာမရှည်အောင် သံယောဇဉ်တွေ ဖြစ်လိုက်မှနဲ့ တူတယ်
Post a Comment