Wednesday, December 12, 2007

သူငယ်ချင်းတစ်တွေ မွေးနေ့ပွဲကို အပြေးလာနေကြပါဘီ




4 comments:

Thein Min Htike said...

မကြီး..

မွေးနေ့ ကိုတက်တာ နည်းနည်း နောက်ကျ သွားတယ်။ တိုက်ပုံပျောက်နေလို့................။

ပြေးလာလိုက်ရတာ အမောပဲ......။ခုမှရောက်တယ်။ မီးရောင်စုံတွေ နဲ့ တကယ် ကို စည်ကားနေပါလား..။

အရိပ် ရော ရောက်ပြီလား..............။

မကြီး မွေးနေ့လက်ဆောင် ဆရာတော် ဦးဇောတိက စကားအတွက် ကျေးဇူးဗျာ............။

သူငယ်ချင်းတွေကို ဧည့်ခံလိုက်ဦးမယ်။

အရိပ် said...

မကြီးရေ.... ဒီနေ့တော့ စိတ်မီးအိမ်ဥယျာဉ်ရှေ့မှာ စည်ကားနေပါလား.... မော်တော်ပီကယ်ထားပေးရမလိုဖြစ်နေပြီနော်....... အော တွေ့ပြီ တုပ်ကောက်နဲ့လမ်းလျှောက်လာတာကတော့ အနတ္တပေါ့ ဒါ့ကြောင့် နောက်ကျနေတာဖြစ်မယ်...... အသွားနှေးလို့လေ ဟားဟား ဇရာက ပြနေပြီနော် တွေ့လား

Thein Min Htike said...

ဟား......ဟား........

အရိပ်ရေ နင်ပြောမှ လူတိုင်းကို သေချာကြည့်မိတယ်။

အနတ္တ လည်း တော်တော် ဇရာထောင်းနေပြီပဲ.........။ တုတ်ကောက် တွေ ဘာတွေနဲ့........................။

ဒါပေမယ့် သူက ဘာဖြစ်လို့ ဒီလောက် တောင် ခုန်ပေါက်နေတာလဲ......................။

မွေးနေ့ပွဲ မှာ မီးခိုးတိတ် နှိပ်မလို့ ဖြစ်ရမယ်။

အပေါ်ဆုံးက အရိပ်က လည်း အပြေးအလွှား နဲ့ ဘာဖြစ်နေတာလဲ....................။

အနတ္တကို အမှီလိုက်နေတာလား။

အလယ်က ခိုင်မြဲ က လည်း သွားကြီးတွေ တဖြီးဖြီးနဲ့ ကို သွားရည်ယိုနေတယ်။

အနတ္တ said...

မကြီးနဲ့ကောင်းတမန်ရေ… အနတ္တက ဇရာသာထောင်းတာပါ။ ခိုင်မြဲတို့လို ခါးကုန်း၊ ထိပ်ပြောင်ပြီး သွားရည်မယိုသေးပါဘူးနော်… နောက်ပြီး အရိပ်လို သူငယ်ပြန်ပြီး “အင်္ဂလိပ်ကြက်ဖ၊ဗိုလ်ကြက်ဖ” “အင်္ဂလိပ်ကြက်ဖ၊ဗိုလ်ကြက်ဖ” ဆိုပြီး ကြက်ဖခွတ်တိုင်း မကစားပါဘူးနော်….
အရိပ်က မွေးနေ့ပွဲမလာပဲပျောက်နေတာလဲ မပြောနဲ့ သူငယ်ပြန်ပြီး တစ်ယောက်တည်း ကြက်ဖခွတ်တိုင်းကစားနေတာကိုနော်… ၀င်ကြည့်လိုက်တိုင်း သူ့ခမျာ မမောနိုင်၊ မပန်းနိုင်နဲ့ ကစားနေလိုက်တာ မွေးနေ့ပွဲ ပိတ်ဖို့ အစီးအစဉ်ကြေညာဖို့ မေ့နေလောက်တယ်…