Friday, February 1, 2008

မင်္ဂလာပါ ဖေဖေါ်ဝါရီ

အော်......... ဘာလိုလိုနဲ့ ၂၀၀၇ ဆိုတဲ့ နှစ်တစ်နှစ် ကုန်ဆုံးတာ မကြာသေးသလိုဘဲ အခု ၂၀၀၈ ရဲ့ နှစ်ဦးတစ်လ ကုန်ဆုံးသွားပြန်ဘီ။ ရက်တွေ၊ လတွေ၊ နှစ်တွေ တစ်ခုပီးတစ်ခု ကုန်ဆုံးနေလိုက်တာ သတိမထား မိလိုက်ဘဲ ဘာသိဘာသာ နေဖြစ်ခဲ့တယ်။ တစ်နေ့တစ်နေ့ ရယ်လိုက်၊ ငိုလိုက်၊ ၀မ်းသာလိုက်၊ ၀မ်းနည်းလိုက် ရသမျိုးစုံ မရိုးရအောင် ခံစားပီးရင်း ခံစားရင်း ကုန်ဆုံးနေတယ်။ အရင်က ဖြစ်ပျက် ကုန်ဆုံးခဲ့ တာတွေဟာ အခုနဲ့ မပတ်သက်ခဲ့သလို အခု ဖြစ်နေတာတွေကလည်း နောင်ဖြစ်ပျက်မှာတွေနဲ့ သက်ဆိုင်ပါ့မလား ဆိုတာကို ဘယ်သူမှ ခန့်မှန်းလို့ မသိနိုင်ဘူး။ နှစ်တိုင်းနှစ်တိုင်း ရက်အနဲဆုံးလဖြစ်တဲ့ ဖေဖေါ်ဝါရီလကို ဖြတ်သန်းဘို့ စတင်လာဘီ။ ဒီလထဲမှာရော မကြီးဘာတွေ လုပ်ဖြစ်မယ်ဆိုတာကို မခန့်မှန်းနိုင်သေးဘူး မကြီးခန့်မှန်းလိုက်ရင် လွဲတတ်လွန်းလို့ ဖြစ်လာမှ ကောက်လုပ်လိုက်တာက ပိုပီးအဆင်ပြေတတ်တယ်။ လုပ်ချင်တာတွေက များနေတယ် အားလုံး လုပ်ဖြစ်ပါ့မလာတောင် မသိဘူး။ "အခြေအနေ၊ အချိန်အခါ၊ နေရာဌာန" ဆိုတာတွေက အရင်က မကြီးလည်း သိပ်ပြီးမသိခဲ့ဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်ချင်တဲ့အချိန်မှာ ထပီးကောက်လုပ် လိုက်တာဘဲ။ အောင်မြင်တာရှိသလို အချိန်ကုန်၊ စိတ်ပန်း၊ လူပန်းဖြစ်ပီး ဘာတစ်ခုမှ အရာထင်မလာတာ တွေလည်း ရှိခဲ့တယ်။ အခုမှ ဒါတွေအားလုံး စည်းချက်ညီညီ ရှိနေမှ အဆင်ပြေတာပါလား ဆိုတဲ့ အသိကို ရလာခဲ့တယ်။ ဖေဖေါ်ဝါရီရေ ........ ဘယ်လိုတွေ ကုန်ဆုံးပီး ဘာတွေ ဖြစ်ပျက်မလဲ ဆိုတာကို မကြီး သိချင်လိုက်တာ.........

3 comments:

ခိုင်မြဲ said...

"မင်္ဂလာပါ ဖေဖေါ်ဝါရီ" ... ကိုဖတ်ရတာ
ကျွန်တော့် တို့ကို ဆုံးမစကားပြော နေလိုပါပဲ...။
အချိန်ရဲ့ တိုက်စားမှူနဲ့
ဘဝတွေ လုံးပါး မပါးအောင် ..
ကျွန်တော်တို့ ...
ဘာဆက်လုပ်ကြမလဲ..။

အနတ္တ said...

မကြီးကမျက်နှာလိုက်တယ်။ နှစ်တစ်နှစ်ရဲ့ပထမဆုံးလကြတော့နှုတ်မဆက်ဘဲ။ ဖေဖော်ဝါရီလမှ ရွေးပြီးနှုတ်ဆက်တယ်။ အင်းအေကန်နတော့ ဖေဖော်ဝါရီလထဲမှာ မကြီးအတွက်အမှတ်တရနေ့လေးရှိနေပြီထင်တယ်။ ကောင်းပါတယ်မကြီးရေ......... စားရမဲ့ပွဲဆိုရင်တော့ အနတ္တကိုမမေ့နဲ့အုန်းနော်........

magyi-parchuu said...

ခိုင်မြဲရေ..... ဇန္န၀ါရီက နယူးရီးယားဆိုပီး နှုတ်ဆက်ထားတယ်လေဟာ........ အနတ္တရေ... ကျွေးဦးမှာ စောင့်နေ.........