ဟို...အရင်ကတည်းက သိခဲ့တဲ့ အပေါင်းသင်းတစ်ယောက်
ရိုးရိုးသားသား ဖိုးသခွားလို့
လူတိုင်းက ထင်ကြ မြင်ကြ သတ်မှတ်ကြတယ်။
ကိုယ့်ဘက်က အပေါင်းသင်းတစ်ယောက်လို
သတ်မှတ်ကာ ရိုးသားစွာဖြင့်
သန့်ရှင်းစွာ နေခဲ့တယ်။
သူ့ဘက်က အသဲအသံ ခဲမှန်ပြီး
ချစ်ပါတယ်ဆိုတဲ့အကြောင်းကို
ဖွင့်ပြောပြတယ် အားလုံးကို
ကိုယ်က လွဲရင်ပေါ့။
ကိုယ်ပြန်ကြားတော့ရော ဘာလုပ်ရမှာလဲ
ကိုယ့်ကို လာမပြောတဲ့ စကား
ကိုယ့်ဦးနှောက်ထဲကို နေရာအရှုတ်ခံလို့
ထည့်ထားစရာလား။
နှစ်တွေကြာသွားတော့ စိတ်တွေပြောင်းသွားပီး
နောက်တစ်ယောက်ကို အရူးအမူး
ရင်နင့်အောင် ချစ်ပါတယ်ဆိုတဲ့အကြောင်း
ကိုယ့်ရှေ့မှာ ထိုင်ညည်းပြတော့
ကိုယ်ဟာ အပေါင်းအသင်းကောင်းတစ်ယောက်အနေနဲ့
အကြံဥာဏ်တွေ ပေးခဲ့သေးတယ်။
ဒါပေမဲ့ ကိုယ့်ကွယ်ရာမှာ
"ရှပ်အင်္ကျီကိုဝတ် ယောကျာ်းလေးတွေနဲ့ ပေါင်းပီး
ယောကျာ်းလေးတွေကို အထင်မကြီးတဲ့ တစ်ယောက်" ဆိုပီး
အပြောခံလိုက်ရတယ်။
ကိုယ့်ဘာသာ နေတဲ့သူ
ဘာမှကို မလုပ်ရဘဲ
သတ္တိမရှိဘဲ ကွယ်ရာမှာ
ဘာဖြစ်လို့ခဏခဏ ပြောချင်တာလဲဆိုပီး
ဟား တိုက်လို့သာ ရယ်လိုက်တော့တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment