Saturday, February 9, 2008

ထမနဲ စားကြပါဦး

တပိုတွဲလဟာ မြန်မာနှစ်တနှစ်ရဲ့ (၁၁) လ မြောက် လပါ။ မကြီးအကြိုက်ဆုံး လ တစ်လလည်း ဖြစ်ပါတယ်။ တပိုတွဲလမှာ တွဲပီးမှတ်မိနေတာက ထမနဲပွဲနဲ့ ပါ။ မကြီးက တပိုတွဲလ ရောက်ရင် ထမနဲထိုးလိုက်ရမှ တပိုတွဲဆိုတဲ့ အရသာကို ပိုခံစားမိတယ်လို့ ထင်တယ်လေ မကြီးနှင့် ဖေဖေရဲ့ မွေးရက်ကလည်း တပို့တွဲလထဲမှာ။ ဒါကြောင့်မို့ သူငယ်ချင်းတို့ကို ထမနဲကျွေးလိုက် ပါတယ်။

ကောက်ညှင်းဆန်.............. နို့ဆီဗူး ၂လုံး
ဆီ................................. ၂၀ ကျပ်သား
နှမ်းလှော်........................ နို့ဆီဗူးဝက်
မြေပဲလှော်.......................နိှု့ဆီဗူးဝက်
အုန်းသီး.......................... တစ်လုံး၏ တစ်ဝက်
ဂျင်း...............................လက်တစ်ဆစ်ခန့်
ဆား.............................. အနည်းငယ်

ကောက်ညှင်းဆန်ကို နာရီဝက်လောက် ရေစိမ်ထားပါ။ နှမ်း၊ မြေပဲ၊ ဂျင်းတို့ကို ထောင်းထားပါ။ အုန်းသီးကိုလည်း ချစ်ထားပါ။

ဆီအိုးတည်ပီး ကောက်ညှင်းဆန်ကိုထဲ့ ဆားနည်းနည်းထည့် ပြီးကျော်လိုက်ပါ။ ကောက်ညှင်းဆန်အပေါ်ရေ တင်းလာရင် ရေသင့်တော်ရုံထည့်ပီး အဖုံးအုပ်ထားပါ။ မီးကို ချိန်ဆပေးရပါမယ်။ မကြီးကတော့ လျှပ်စစ်မီးဖိုကို ပိတ်လိုက် ဖွင့်လိုက် လုပ်ပါတယ် (ပျော့တူးမနပ် ဖြစ်မှာကြောက်လို့......... ) ရေခန်းပြီး ကောက်ညှင်းဆန် နတ် လာရင် နှမ်းထောင်း၊ မြေပဲထောင်း၊ အုန်းသီး၊ ဂျင်းတို့ကို ထည့်ပီး ရောသမမွှေပါတော့။ နာနာမွှေလေ မာပြီး သမလေ ဖြစ်တာမို့ သူငယ်ချင်းတို့ရေ တစ်ယောက် တစ်လက်ပေါ့။ ပီးရင်စားလို့ရတဲ့ ထမနဲပါ။

မကြီးဒီနေ့ ထမနဲထိုးပီး ရွှေတိဂုံဘုရားကို သွားကပ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း အ၀ (ဗိုက်ကိုပြောတာနော်......... )ကျွေးပါတယ်။ Blog ကို လာလည်ကြတဲ့ သူငယ်ချင်းတွေလဲ စားကြပါဦး........ ဖိတ်ခေါ်ပါတယ်.........

1 comment:

အရိပ် said...

မကြီးရေ..... ကျွေးရုံတင်မကဘူး .....
ထမနဲလုပ်တဲ့နည်းကိုပါ သိရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်.....။ မကြီးအတွက် မွေးနေ့အမှတ်တရ ပိုစ့်တင်ဖို့ အချိန်မရတော့လို့နော် ... ဒီည ပြန်မယ်နော် မကြီး....