Friday, January 25, 2008

နွေရက်

တကူကူးသံ အော်နေရှာတဲ့
ဥသြလေးရယ်
သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကျနေတဲ့
သစ်ပင်တွေရယ်
တစ်ပင်လုံး နီရဲအောင်ပွင့်နေတဲ့
စိန်ပန်းပင်ကြီးရယ်
ညနေပိုင်းဆို တိုက်ခတ်လာတဲ့
လေပူ လေရူးတွေရယ်ဆိုတဲ့
နွေကိုရောက်ဘို့
အချက်ပေး စည်းနရီ
ကျလာချိန်မှာ
ပူမှာကို ကြောက်တဲ့
အခက်အခဲတွေကို
ရင်ဆိုင်နိုင်ဘို့ အင်အား
ငါ့မှာရှိပါ့မလားဆိုတဲ့
သံသယစိတ်တွေနဲ့
နှစ်စဉ်နှစ်တိုင်း
ရင်ဆိုင်နိုင်တဲ့နည်း
အမြဲရှာနေရတဲ့
ငါပါလား။

2 comments:

ခိုင်မြဲ said...

မကြီးရေ ...
ကျွန်တော်အတွက် ...
အီကွေတာရဲ့ နွေရာသီမှာ
အပူဒဏ်ကို ခံနိုင်ဖို့ နည်းလမ်းလေးများ ..
ရှိရင် ပေးပါဦး ...။

magyi-parchuu said...

ခိုင်မြဲရေ.... အီကွေတာမှာလဲ ရေခဲတွေ ပျော်ကျနေဘီ။ တောထဲက အိမ်ကလေးမှာရော အဆင်မပြေဘူးလား?