Thursday, February 21, 2008

ပြောကြပါဦး

ရင်ထဲမှာ တင်းကြတ်နေတယ်
ဘာနဲ့များ စည်းနှောင်ထားလို့လဲ။

ဦးနှောက်တွေ ဆူဝေနေတယ်
အပူမီးတွေ ဘယ်လောက်များ ပြင်းထန်လို့လဲ။

စိတ်ထဲမှာ ရှိတဲ့အတိုင်း အော်လိုက်ချင်တယ်
တကမ္ဘာလုံး ကြားရအောင်ပေါ့။

မာနကြောင့် ဖြစ်နေတဲ့ ဒေါသနဲ့
အရှုံးပေးရမှာကြောက်တဲ့ သောကကို
ငါဘာပြောရမလဲ။

မင်းတို့တစ်တွေ လက်ခံထားတဲ့
ပိုက်ဆံဆိုတာဟာ လူ့တန်ဘိုးလား
ကဲ ........ပြောကြပါဦး။

1 comment:

အရိပ် said...

မကြီးရေ..... ငွေနဲ့အရာရာကိုဖန်တီးယူလို့ရတယ်ဆိုပြီး လက်ခံထားကြတဲ့ လူတချို့နဲ့ မပတ်သက်ချင်ဘူးဗျာ...