Friday, November 28, 2008

ယုံကြည်မှု

မင်းငါ့ကိုကြည့်တဲ့ မျက်ဝန်းထဲမှာ
သံသရရိပ် နဲနဲပါနေတယ်
ဒါပေမဲ့
မင်းဖုံးကွယ်ထားနိုင်ခဲ့တယ်။

ကောင်လေးရေ.........
ယုံကြည်မှုတိုင်းဟာ
အမှန်တရား ဖြစ်မလာပေမဲ့
အမှန်တရားတိုင်းကို
စိတ်ချလက်ချ ယုံကြည်လိုက်ပါ။

Wednesday, November 26, 2008

တစ်ပွင့်တည်း

ပန်းပွင့်များဟာ

တစ်ပွင့်ကြွေလည်း

နောက်ထပ်တစ်ပွင့်

ထပ်ပွင့်ကြတယ်…..


ကိုယ့်ရင်ထဲက

တစ်ပွင့်တည်းသော

ပန်းကလေးဟာ

မညှိုးထာဝရ

ပွင့်နေမှာပါ။

ထာဝရ

လောင်းလိုက်စမ်းပါ

သစ္စာမဲ့ အဆိပ်ရည်

ပျက်စီးသွားမယ် ထင်သလား။


ညှပ်ပစ်လိုက်စမ်းပါ

ဥပက္ခာ ကတ်ကြေးနဲ့

ပြတ်ထွက်ဖို့ဝေးသေး။


ကော်ထုတ်ပစ်လိုက်စမ်းပါ

အမုန်း ဘိုဒိုဇာနဲ့

ရွေ့ဘို့တောင် ခတ်ခက်ခက်။


ကောင်လေးရေ----

အချစ်ဆိုတာ ဘယ်တော့မှ

သတ်လို့ မသေတဲ့

အသက် တစ်ချောင်းဆိုတာ

မင်းမသိသေးလို့ပါ။

Tuesday, November 25, 2008

ပြေပါတော့

အေးချမ်းတဲ့ မြောက်လေပြန်
ကတ်ပေါက်ကြားက တသွင်သွင်
လူးလွန့်ကာ တိုးဝင်လာခဲ့
အေးတာကို အန်တုဖို့
ဂွမ်းဆောင်ကို ဆွဲခြုံလိုက်ရ။

အတွေးတွေ တောင်မြောက်ရောက်
ရှေ့ရေးကို မျှော်ကာမောနေ
လက်ရှိကို စိတ်မကြိုက်
နဖူးပေါ်လက်တင်ပြီး
သက်ပြင်းတွေ အခါခါချ။

ဝဋ်ကြွေးရယ် ပြေပါတော့
ဘ၀မှာ ဒီအချိန်ဆပ်နေတာ
အပြီးပဲ ဖြစ်ပါစေတော့။

Monday, September 22, 2008

လုပ်လိုက်ဟေ့

မနက်စောစော အိပ်ရာထဲ
အချိန်တန်လို့ နိုးနေပေမဲ့
လူကတော့ မထနိုင်
ဆက်အိပ်ချင်သေးတယ်ကွာ....

အိပ်ဖို့ရာ ခွင့်မပြုတော့
လူကသာ ကုန်းရုန်းထ
ခေါင်း ကြီးက ကျန်နေခဲ့
မဖြစ်သေးပါဘူး....

အားခဲကာ ထလိုက်ဦးမှ
တစ်နေ့တာ လှုပ်ရှားဖို့
အားမွေးအုံးမှ။

ပျော်ရွှင်စရာ ၀မ်းနဲစရာ
စိတ်တိုစရာ စိတ်ပေါ့ပါးစွာ
အလုပ်တစ်ခု အဆင်ပြေအောင်
အကွက်စေ့အောင် စဉ်းစားရင်း
တစ်စက်မှ မနားတဲ့ဒီစိတ်
ခန္ဓာထက် ပိုလှုပ်ရှားရ။

ထိုးပြီလား လေးနာရီ
နာရီကို တစ်ချက်ကြည့်ဖို့
အချိန်တောင် မရခဲ့ပဲ
ပင်ပန်းစွာ ဖြတ်သန်းခဲ့ရ။

တစ်ပတ်ရဲ့ နောက်ဆုံးရက်
သောကြာနေ့ ရောက်ရင်ဖြင့်
နားရမယ် ထိုအသိနဲ့
အားတင်းကာ ထားသော်လည်း
လျှော်စရာ အ၀တ်တစ်ပုံ
မီးပူတိုက်စရာ အထုတ်တစ်ခု
တစ်ပါတ်စာ ၀ယ်ခြမ်းဦး။

အော်........ လူ့ဘ၀ရယ်
အကောင်းဆုံး ဖြစ်ချင်နေတဲ့
ဒီစိတ်ကလေး ကျေနပ်အောင်
ရုန်းကန်လို့ အားတင်းကာ
လုပ်လိုက်ပေဦး........။

Wednesday, September 17, 2008

နေရာလပ်မရှိ

ရုပ်ချောသလား
ထူးခြားပြီး ထွက်မလာတဲ့
ရွက်ကြမ်းရေချို။

ပညာတော်သလား
လူတိုင်းနဲ့ တန်းတူ
မထင်ရှားခဲ့။

ပိုက်ဆံရှိလား
ကိုယ့်အတွက် မလိုအပ်ခဲ့
စိတ်မ၀င်စားတဲ့ တစ်ချက်။

..................
..................
.................

အချက်ပေါင်း များစွာ
ငါ့ဦးနှောက်မှာ ဗလာကျင်း
ထည့်မတွက်ခဲ့။

ဒါပေမဲ့ ငါ့ရင်မှာ
နင့်ကို ချစ်တဲ့အချစ်တွေ
ပိုင်စိုးစွာ ယူထားတဲ့
နေရာအားလုံး ပြည့်နေပြီ။

Monday, September 15, 2008

အိပ်ပျော်ချင်သူ

သမီးမလေး အိပ်ချင်နေပြီ

မိတ္ထီလာ ကန်တော်အောက်က

ဖားကောက်တဲ့ တေးလေးကို

ဖွဲ့သီကာ ဆိုပြခဲ့ပြီး

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချိန်တန်ပြီ

ခြေတံရှည် ဗျိုင်းကလေးက

မြူးတူးကာ ပျံလို့ပြေးကြောင်း

တေးဆိုကာ သီကုံးလို့။

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


သမီးမလေး အိပ်ချင်သူပါ

ခိုဖြူ ခိုပြာ ခိုနက်တို့ရဲ့

ဟိုဒီပျံလို့ အဖမ်းခက်ကြောင်း

သီကြူးကာ တေးသံလေးနဲ့

ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။


ညတာရှည် မှောင်မိုက်ထဲ

လူးလှိမ့်ကာ ဘယ်ညာစောင်းလို့

နွေးထွေးတဲ့ မေတ္တာရိပ်မှာ

သမီးမလေး တစ်ရေးအိပ်ဖို့

သိပ်ပေးပါလား ဒို့မေမေရယ်..........။

ဆန္ဒ

အတိတ်မှာ ဖြစ်ခဲ့သမျှအားလုံး
တစ်စက္ကန့်ရဲ့ ဟိုဘက်ထိ
ချန်ထားခဲ့လိုက်ပါ
ရတယ်.......

ကိုယ့်ရင်ထဲက အချစ်ကို
အခုချိန်မှာ မင်းလက်ခံရင်
ကြည်နူးပျော်ရွှင်နေမှာ
ငါပါ.......

လက်မခံနိုင်လို့ ထွက်သွားရင်လည်း
တံခါးခေါက်ကာ အသိမပေးခဲ့ပါနဲ့
ဖြေးဖြေးလေး တိတ်ဆိတ်စွာ
ကျန်နေခဲ့ ပါရစေ..........