Monday, September 22, 2008
လုပ်လိုက်ဟေ့
အချိန်တန်လို့ နိုးနေပေမဲ့
လူကတော့ မထနိုင်
ဆက်အိပ်ချင်သေးတယ်ကွာ....
အိပ်ဖို့ရာ ခွင့်မပြုတော့
လူကသာ ကုန်းရုန်းထ
ခေါင်း ကြီးက ကျန်နေခဲ့
မဖြစ်သေးပါဘူး....
အားခဲကာ ထလိုက်ဦးမှ
တစ်နေ့တာ လှုပ်ရှားဖို့
အားမွေးအုံးမှ။
ပျော်ရွှင်စရာ ၀မ်းနဲစရာ
စိတ်တိုစရာ စိတ်ပေါ့ပါးစွာ
အလုပ်တစ်ခု အဆင်ပြေအောင်
အကွက်စေ့အောင် စဉ်းစားရင်း
တစ်စက်မှ မနားတဲ့ဒီစိတ်
ခန္ဓာထက် ပိုလှုပ်ရှားရ။
ထိုးပြီလား လေးနာရီ
နာရီကို တစ်ချက်ကြည့်ဖို့
အချိန်တောင် မရခဲ့ပဲ
ပင်ပန်းစွာ ဖြတ်သန်းခဲ့ရ။
တစ်ပတ်ရဲ့ နောက်ဆုံးရက်
သောကြာနေ့ ရောက်ရင်ဖြင့်
နားရမယ် ထိုအသိနဲ့
အားတင်းကာ ထားသော်လည်း
လျှော်စရာ အ၀တ်တစ်ပုံ
မီးပူတိုက်စရာ အထုတ်တစ်ခု
တစ်ပါတ်စာ ၀ယ်ခြမ်းဦး။
အော်........ လူ့ဘ၀ရယ်
အကောင်းဆုံး ဖြစ်ချင်နေတဲ့
ဒီစိတ်ကလေး ကျေနပ်အောင်
ရုန်းကန်လို့ အားတင်းကာ
လုပ်လိုက်ပေဦး........။
Wednesday, September 17, 2008
နေရာလပ်မရှိ
ထူးခြားပြီး ထွက်မလာတဲ့
ရွက်ကြမ်းရေချို။
ပညာတော်သလား
လူတိုင်းနဲ့ တန်းတူ
မထင်ရှားခဲ့။
ပိုက်ဆံရှိလား
ကိုယ့်အတွက် မလိုအပ်ခဲ့
စိတ်မ၀င်စားတဲ့ တစ်ချက်။
..................
..................
.................
အချက်ပေါင်း များစွာ
ငါ့ဦးနှောက်မှာ ဗလာကျင်း
ထည့်မတွက်ခဲ့။
ဒါပေမဲ့ ငါ့ရင်မှာ
နင့်ကို ချစ်တဲ့အချစ်တွေ
ပိုင်စိုးစွာ ယူထားတဲ့
နေရာအားလုံး ပြည့်နေပြီ။
Monday, September 15, 2008
အိပ်ပျော်ချင်သူ
သမီးမလေး အိပ်ချင်နေပြီ
မိတ္ထီလာ ကန်တော်အောက်က
ဖားကောက်တဲ့ တေးလေးကို
ဖွဲ့သီကာ ဆိုပြခဲ့ပြီး
ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။
သမီးမလေး အိပ်ချိန်တန်ပြီ
ခြေတံရှည် ဗျိုင်းကလေးက
မြူးတူးကာ ပျံလို့ပြေးကြောင်း
တေးဆိုကာ သီကုံးလို့။
ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။
သမီးမလေး အိပ်ချင်သူပါ
ခိုဖြူ ခိုပြာ ခိုနက်တို့ရဲ့
ဟိုဒီပျံလို့ အဖမ်းခက်ကြောင်း
သီကြူးကာ တေးသံလေးနဲ့
ချော့သိပ်ခဲ့တဲ့ ဒို့မေမေ။
ညတာရှည် မှောင်မိုက်ထဲ
လူးလှိမ့်ကာ ဘယ်ညာစောင်းလို့
နွေးထွေးတဲ့ မေတ္တာရိပ်မှာ
သမီးမလေး တစ်ရေးအိပ်ဖို့
ဆန္ဒ
တစ်စက္ကန့်ရဲ့ ဟိုဘက်ထိ
ချန်ထားခဲ့လိုက်ပါ
ရတယ်.......
ကိုယ့်ရင်ထဲက အချစ်ကို
အခုချိန်မှာ မင်းလက်ခံရင်
ကြည်နူးပျော်ရွှင်နေမှာ
ငါပါ.......
လက်မခံနိုင်လို့ ထွက်သွားရင်လည်း
တံခါးခေါက်ကာ အသိမပေးခဲ့ပါနဲ့
ဖြေးဖြေးလေး တိတ်ဆိတ်စွာ
ကျန်နေခဲ့ ပါရစေ..........
Friday, September 5, 2008
ငယ်ငယ်တုံးက.............(၆)
Tuesday, September 2, 2008
အဖြူရောင် နေရာလေး
ပျော်စရာ မှန်သမျှ
ကိုယ့်ရင်ခွင်မှ ယူသွားလိုက်ပါ
ကိုယ်ကျေနပ်စွာ ပေးလိုက်ပါ့မယ်။
ပူပင်စရာ မှန်သမျှ
ကိုယ့်ရင်ခွင်မှာ ထားခဲ့လိုက်ပါ
ကိုယ်ကျေနပ်စွာ ခံယူပါ့မယ်။
မယုံဘူးလား............
ကိုယ့်ရင်ခွင်ထဲ ၀င်ကြည့်လိုက်ပါ
မင်းအတွက် အဦးဆုံးနေရာလေးဟာ
အဖြူရောင်ကလေးပါကွယ်။
Monday, September 1, 2008
Wednesday, August 27, 2008
မိုး
အေးအေးထဲမှာ
နှစ်ယောက်အတူ
ထီးတစ်ချောင်းနဲ့
ကမ္ဘာတစ်ခု
တည်ဆောက်ခဲ့တဲ့
ခဏတာလေး
အချိန်လေးကို
တစ်သက်စာတမ်း
မှန်းဆလို့လွမ်း
ဖြစ်ဘို့ဆိုတာ
သိခဲ့ရင်လေ.......
မိုးတွေရွာတိုင်း
ထင်မိစိတ်မှာ
အလွမ်းမိုးတို့
ရင်ထဲသဲသဲ
ရွှဲရွှဲနစ်အောင်
မွှန်းကြပ်နှလုံးသား
မ၀အသက်ရှူ
မျှင်းမျှင်းအသက်နဲ့
ဆက်မိနေပြီ.......
